လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Thursday, 29 May 2014

လိပ်ပြာမျှားသောကျွန်း အပိုင်း(၁)


ကောင်းကင်ကိုမော့ကြည့်လိုက်
လျှင် အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်တွေကိုတွေ့ရသည်။ မိုးတွင်းမှာမိုးရွာတာမထူးဆန်းသော်လည်း ချစ်သူထံပြန်ရမည့်နေ့မှ ဒီလိုအုံ့မိုင်းနေခြင်းကိုစိတ်က သိပ်သဘောမကျ။ ကားလက်မှတ်ကို ည ၈း၃၀ ဖြတ်ထားလို့တော်သေးသည်။ နာရီကိုကြည့်လိုက်တော့ ညနေသုံးနာရီရှိပြီ။ အမှန်ဆိုဒီလိုရာသီဥတုမျိုးက မန္တလေးမှာနေလို့ကောင်းသည်။ မိုးမရွာဘဲအုံ့ဆိုင်းနေခြင်းသည် မန္တလေးတော်ဝင် နန်းရိပ် နန်းမြေကို အလွမ်းပို နေစေသလိုခံစားမိသည်။ 

မန္တလေးသို့အလုပ်ကိစ္စတစ်ခုဖြင့်လာခြင်းဖြစ်သဖြင့်အခြားနေရာများသို့မရောက်နိုင်။ ဈေးချိုတော်၊ မန္တလေးတောင်နှင့်တောင်သမန်သို့သွာရန်သာ စီစဉ်ထားသည်။ ဈေးချိုကိုမနက်ပိုင်းတွင်သွားပြီးဖြစ်သဖြင့် တည်းခိုသောသူငယ်ချင်းအဆောင်တွင် အေးဆေးပြန်နားနေသည်။ “မင်းတောင်ပေါ်သွားဦးမယ်ဆို” သူငယ် ချင်းကလိုက်ပို့ရန်ပြင်ဆင်ထားပုံရသည်။ မိုက်သည်။မွန်းကြပ်နေသောအလုပ်ကိစ္စနှင့်အခြားစိတ်ပင်ပန်းစရာများ ကိုတောင်ပေါ်တွင်ဖြေဖျောက်ရမည်။

“အေးသွားမယ်လေ မင်းအားလား သင်တန်းချိန်နဲ့ကောလွတ်သလား” ကျွန်တော်မေးလိုက်သည်နှင့် ခေါင်းကိုငြိမ့်ပြသည်။ “အိုကေ ဂိုးမယ်”။ သူကိုလည်းမေးရသေးသည်။ MTU တွင် ME တက်နေပြီး ညနေပိုင်းများတွင် သင်တန်းပေါင်းစုံတက်နေသဖြင့် သူလည်းကျွန်တော်ကို အချိန်သိပ်မပေးနိုင်မှန်းသိသည်။ သူ့ကိုတွေ့ဖို့တမင် MTU နားကသူအဆောင်ကိုတမင်လာအိပ်ရခြင်းဖြစ်သည်။ သူအဆောင်မှ အချိန်အနည်းငယ်မောင်းလျှင် တောင်ပေါ်ကိုရောက်မှန်းကျွန်တော်မသိ။

တောင်ပေါ်တက်သည့်အချိန်တွင် စိတ်တစ်ခုလုံးပေါ့ပါးနေသည်။ တောင်တက်ခရီးကို ဆိုင်ကယ်ဖြင့်တက်ရသည်က ရင်ခုန်စေသည်။ သူငယ်ချင်းဆိုင်ကယ်နောက်မှ ထိုင်ပြီး တောင်ပတ်လမ်းဘေးဝဲယာမှ ရှုခင်းများကလည်း ကြည်နူးဖွယ်ကောင်း၏။ ဆိုင်ကယ်အကွေ့အကောက်သို့ ရောက်လေတိုင်း စိုးထိတ်သောခံစားမူကလှိုက်ခနဲ။

အရင်အလုပ်မ၀င်ခင်က မန္တလေးကို အခေါက်ပေါင်းများစွာရောက်ဖူးသော်လည်း ဆိုင်အတွက်လိုအပ်သောပစ္စည်းများကိုဝယ်ရုံမျှအပ အခြားနေရာများကိုသွားရန် အချိန်မရ။ ခုလိုအလုပ်ဝင်ပြီး အလုပ်ကိစ္စဖြင့်လာသောအချိန်မှသာ သွားလိုသည့်နေရာမျာကိုစဉ်းစားနိုင်တော့သည်။ တောင်ပေါ်ရောက်သည် နှင့် လေတွေက တဖြူးဖြူးတိုက်လာသည်။ မိုးရိပ်တွေလွှမ်းနေသော အစိတ်ပိုင်းများက အလွမ်းဓါတ်ခံမရှိသော လူကိုပင်မည်သည်ကိုလွမ်းစေသည်မသိ။ ကျွန်တော်သူငယ်ချင်းကတော့ အမြဲရောက်နေကြဖြစ်ပုံရသည်။ ထူးခြားသောခံစားမူကို သူမျက်နှာတွင်သိပ်မတွေ့ရပေ။

ယောက်ဖ ဘယ်မှာလည်းမြွေကြီးနှစ်ကောင်က မေးလိုက်သည်နှင့် မြွေနှစ်ကောင်ရှိသည့်နေရာကို လက်ညျိုးထိုးပြသည်။ “အေးအပေါ်နားမှာဟ” ကျွန်တော်ကိုပြောပြီး လှေခါးထစ်တွေကိုတက်သွားသည်။ ဒီနေ့မှ ဓါတ်လေခါးကလည်းမဖွင့်။ မြေအစိုဓါတ်ပေါ်မှ သစ်ရွက်ခြောက်လေးတွေကိုနင်းပြီး တိုက်လာခတ်လာ သော လေရိုင်းလေးတွေက ကျွန်တော်နာခေါင်းထဲသို့အရှိန်ပြင်းစွာတိုးဝင်လာသည်။
ကျွန်တော်မှာလက်ထပ်ရန်ရည်ရွယ်ထားသောချစ်သူရှိသည်။ 

ကျွန်တော်လည်းသူမကိုချစ်သည်။ အချိန် တစ်ခုရောက်လျှင် လပ်ထပ်ရန်လည်းတိုင်ပင်ထားပြီးပြီဖြစ်သည်။ နှစ်ဘက်မိဘများကလည်း ထိုအကြောင်းကို သိသည်။ ထိုကြောင့်အချစ်ရေးသည် ကျွန်တော်အတွက်ပူပင်ခြင်းတစ်စုံတစ်ရာအားမပေးစွမ်း။ တခြားသူများက အချစ်ကြောင့် ပူဆွေးဝမ်းနည်းနေသည်ဟုပြောလာတိုင်း ကျွန်တော်ပြုံးပြနစ်သိမ့်ရုံသာအားပေးဖြစ်သည်။အ ဘယ်ကြောင့်ဆိုသော် ကျွန်တော်ကို အစွန်းဆုံထိနာလည်ပေးနိုင်သောချစ်သူတစ်ယောက်ကို အသိုင်းဝိုင်းတစ်ခုလုံးမှ အသိမှတ်ပြုစွာပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။

“ဇွဲထက် မင်းဘာစဉ်းစားနေတာလည်။မင်းမြွေရုပ်ကရောက်ပြီလေ”ကျွန်တော်အတွေးလွန်စွာသူနောက် မှလိုက်နေမိသည်။ “အေးပါကွာမင်းကလည်းမြင်ပါတယ်” အရှက်ပြေပြောလိုက်မိသည်။ “ဟဟ ဇွဲထက် မင်းကို ငါကျောင်းထဲက တစ်ခန်းထဲအိပ်လာတဲကောင်ပါကွာ။

ဘာလည်းမင်းကငါ့နေရာမှာ မင်းနေပြည်တော်ကစော် လေးကိုလွမ်းနေလို့လား။ သူငယ်ချင်းနောက်လိုက်သည်ဆိုလျှင်ပဲ “ဟဟငါဘ၀မှာ အချစ်အတွက်အလွမ်းဆို တာရှိစရာလိုလို့လားကွာ။ မင်းသိတဲ့အတိုင်း ယူယုံဘဲကျန်တော့တာ သဲလေးကလည်းငါဆိုချစ်လိုက်တာတုန်နေ တာဘဲ”။ ကျွန်တော်စကားကိုကြားလျှင် သူငယ်ချင်းက နှုတ်ခမ်းလုပ်ယုံပြော၏။ ဘုရားပေါ်တွင်မို့ ကျွန်တော်သူ ငယ်ချင်းဆင်ခြင်လိုက်မှန်းသိသည်။

အရက်ဆိုင်သို့မဟုတ်အဆောင်မှာဆိုလျှင် သူ့နုတ်ဖျားမှကြမ်းတမ်းသောစကာလုံးများထွက်ကျလာနိုင် ကြောင်းကျွန်တော်သိသည်။ မြွေကြီးနှစ်ကောင်ရှေ့တွင် အမှတ်တရဖြစ်အောင်ဓါတ်ပုံလေးရိုက်ပြီးတော့ တောင်ရဲ့ ဘေးဘက်ကိုကျွန်တော်ကိုသူလမ်းပြခေါ်သွားသည်။ အဲနေရာတွင် ကျန်စစ်သားခြေရာလားမသိ ခြံဖြင့် ခတ်ထားသောနေရာတစ်ခုရှိသည်။ ထိုနေရာမှကြည့်လျှင် တောင်ပေါ်တောင်အောက်ကို ရှင်းလင်းစွာမြင်နိုင် သည်။ လေတွေပိုတိုက်ခတ်လာသည်။ 

ရင်ပြင်တော်တစ်ဝိုက်အား ကာထားသောတံတိုင်လေးများကို မှီပြီး တောင်အောက်ရှူခင်းများကိုကြည့်ရသည့်ဖီလင် ကိုအကြိုက်ဆုံးဖြစ်သည်။ သပ္ပာယ်လှသော တောင်တော်မှဘုရားကိုဖူမျှော်ခွင့်ရနေသည့်စိတ်သည် တောင် အောက်ရှုခင်းများကို ကြည့်ရှူလိုက်သည့်အချိန်နှင့်တိုက်ဆိုင်စွာ စိတ်အစုံအားဝဲပျံခွင့်ပေးလိုက်သည်။ အချိန် မည်မျှကြာသွားသည်မသိ။ “ဟကောင် ပြန်စို့လေ မင်းဦးပိန်သွားအုံးမယ်မို့လား။ ထန်းရေခါးတစ်ခွက်လောက် တော့သောက်သွားအုံး” သူငယ်ချင်းပြောမှပင် ကျွန်တော်၏ လွှင့်မျှောနေသောစိတ်ကို ထိန်းချုပ်ခွင့်ရသည်။

တောင်၏အဆင်းလမ်းသည် တော်ပေါ်မှကြည်နူးခဲ့သောခံစားချက်နှင့်ဆန့်ကျင်ဖက်ဖြစ်နေသည်။ နောက်တစ်ချိန် ရောက်မည်မရောက်မည်ကိုသေချာမသိနိုင်။ ရောက်ဖြစ်လျှင်တောင် ဒီငယ်သူငယ် ချင်းနှင့်တွေ့ဆုံနိုင်မည်မထင်။တောင်အောက်သို့ရောက်သောအချိန်တွင် “အေးဟ ရောက်နေတယ်။ ဦးပိန်ကို လာခဲ့ အဲမှာတွေ့မယ်”။ ကျွန်တော်သူငယ်ချင်းဖုန်းပြောသံကို ကြားလိုက်ရသည်။ 

“အေးမင်းကိုမေးနေတယ်။ 
တစ်ခြားသူငယ်ချင်းတွေလာတွေ့မယ်တဲ့။ ငါဦးပိန်ကိုချိန်းလိုက်တယ်”။ “အေးကွာ ချိန်းလိုက်ပြီးပြီမို့လား ကဲဂိုး မယ်ဦးပိန်ကို ကြွက်ကြော်နဲ့ထန်းရည်သောက်မယ်လေ”။ ကျွန်တော်ပြောလိုက်သည်နှင့်သူငယ်ချင်းက ဆိုင်ကယ်ကို တောင်သ မန်သို့ဦးတည်လိုက်ပြီ။

ဦးပိန်သွားလမ်းတစ်လျှောက် ကျောင်းသားကျောင်းသူများကိုအရောင်စုံပန်းများအလားတွေ့လိုက် ရလျှင်ဖြင့် တစ်ချိန်ကကျောင်းတက်သည့် အချိန်တွေကိုသတိရမိသည်။ အတန်းချိန်မဟုတ်သော်လည် သဖြင့် လွတ်လပ်ပျော်ရွင်နေကြသည်။ အခြေနေမျိုးမျိုးမှာအောင်မြင်မူကိုရအောင် နာကျင်သောနှလုံးသားများစွာဖြင့် သူငယ်ချင်းများအားလုံး ကြိုးစားနေကြလိမ့်မည်။ ကျွန်တော်သည် လည်းထိုနည်း၎င်းပင်။ ရာထူးတစ်ခုရလိုစိတ်ဖြင့် နေပြည်တော်ဆိုသည့် ဒေသတစ်ခုတွင် ပူလောင်လှသောရာသီဥတုကို ဥပက္ခာပြုပြီး ကြိုးစားနေရသည်။ အပေါင်းသင်းမရှိသော်လည်း မျှော်လင့်ချက်တစ်ခုအားအသက်သွင်းရန် ကြိုးစားနေမိခြင်းသည် မိမိယုံကြည်ချက်ပင်ဖြစ်လိမ့်မည်။

ချစ်ခင်ကြင်နာရမည်ချစ်သူတစ်ဦးဘေးတွင်ရှိနေလို့သာတော်သေးသည်။ ထိုသို့မဟုတ်လျှင် ကျွန်တော် ရူးသွားနိုင်သည်။ တောင်သမန်သို့ရောက်လျှင် အသင့်စောင့်နေသောသူငယ်ချင်းများကိုတွေ့လိုက်ရသည်။ သူ တို့မျက်ဝန်းရှိ ပျော်ရွင်ရိပ်များက ကျွန်တော်ရင်ကိုပျော်မြူးစေသည်။ သုံးနှစ်မျှမတွေ့၇သောအချိန်တွင် တည် ကြည်သော ပုံသဏ္ဍာန်ဖြင့်ဘ၀ကိုရိုးသားစွာရပ်တည်နိုင်ကြပြီ။
“မဆုံနိုင်ပြီလား ဘ၀တွေက နှလုံးသားနုနုအပျံသင်ခါစအရွယ် ပုံပြင်ဟောင်းလေးတစ်ပုဒ်ရင်မှာရှိခဲ့ တယ် လွယ်အိတ်တစ်လုံးပုခုံးထက်မှာ အပျော်ဆုံးကျောင်းတက်ချိန် ကျောင်းသားဘ၀” နားထဲသို့ ဆောင်းဦးလှိုင်သီချင်းက တိုးဝင်လာသည်။ အားလုံး၏ မျက်လုံးများက ထိုသီချင်းဖွင့်သော ထန်းရည်ဆိုင်ငယ်သို့ ဦးတည်နေကြပြီ။

ဘ၀၏အဆိုးအကောင်း တွေကိုတိုင်ပင်ပြီး မိမိတို့ခံယူချက်များကိုတိုင်ပင်နှီးနှောရင်း တစ်ချိန်ကကျောင်း တက်ချိန်များကိုပြန်ပြောင်းပြောမိကြသည်။ သောက်ကာစားကာဖြင့် ပြောမဆုံးပေါင်တော သုံးထောင်ဖြစ်နေကြပြီ။ ထန်းရည်တင်မကဘဲ တစ်ခြားသောတံဆိပ်မျိုးစုံအပျော့စားလေးများနှင့် အကြော်မျိးစုံကိုသောက်နေကြည်သည်မှာ ယခင်ကျောင်းသားဘ၀အတိုင်းပင်ဖြစ်သည်။ 

ဟိုအတိတ်စကားဝိုင်းတုန်းကလို မနာလိုဝန်တိုတိုက်ခိုက်သော အမြင်များမဟုတ်ဘဲ အားလုံးတည်ကြည်သောစိတ်ထားများဖြင့် တိုင်ပင်ဆွေးနွေးကြ၏။
ဒီအချိန်အားလုံး၏ စိတ်ထဲတွင် မျှော်လင့်ချက်နှင့်ရှင်သန်နေသာ စိတ်ထားများ၏အားပေးနစ်သိမ့် မူမှလွဲပြီ အခြားသောအ၇ာများမရှိကြ။ ပျော်ပျော်ပါးပါးလှေတွေစီးကြသလို ဦးပိန်တံတားအား စဆုံးလျှောက် ချင်သည်ဆိုသော ကျွန်တော်စိတ်ဆန္ဒကိုလည်း သူငယ်ချင်းများက ဖြည့်ဆည်းပေးကြသည်။ 

ကန်ရေပြင်မှာ ရေလှိုင်းလေးတွေပြေးလာသည်။တောင်မြောက်ဘယ်ညာမှ တိုက်ခတ်လာသောလေနုလေးများနှင့်အတူ မိုးစက် လေးများအနည်းငယ်ကျလာသည်။ ထိုအချိန်တွင်း ကျွန်တော်တို့သူငယ်ချင်းတစ်စုလုံး၏ စိတ်ထဲတွင် တောင်ပေါ် မြို့လေးတစ်ခုမှ တက္ကသိုလ်တစ်ခု၏ မိုးညများကိုပြန်သတိရမိသည်။

ဒီလိုမိုးတွေ ရွာနေသည့်နေ့မျိုးမှာ မောင်မယ်သစ်လွင်ပွဲတစ်ခု၏ ညတစ်ညကိုသူငယ်ချင်းများနှင့်အတူဖြတ်သန်း ဖူးသည်။ အချိန်တွေက တရွေ့ရွေ့ကုန်လာသလို ခွဲခွါရမည့်အခါကလည်းနီလာပြန်သည်။ “ ငါမင်္ဂလာဆောင်ရင်အားလုံးလက်ဖွဲကောင်းကောင်းပေးဖို့ပြင်ထားကြ ဒါဘဲ” ကျွန်တော် အဆက်စပ်မရှိဘဲ ပြောလိုက်သည့် စကားကြောင့်သူတို့ကျွန်တော်ကို ၀ိုင်းကြည့်ကြသည်။

“ဟ တကယ်လားဟ” ကျွန်တော်ခေါင်းငြိမ်ပြလိုက်သည်။ သေချာပေါက် ဒီနှစ်အတွင်လက်ထပ်တော့မည်ဆိုသည့်အကြောင်းနှင့်အားလုံးလာရမည်ဖြစ်ကြောင်းကိုသေချာ ထပ်ပြောသည်။
ကျွန်တော်တို့သူငယ်ချင်းတစ်စုပျော်ပျော်ပါးပါးစားသောက်ပြီးသောအချိန်တွင် ညခုနှစ်နာခွဲနေပြီဖြစ်သည် ။ ကျွန်တော်ကားဂိတ်သို့ သွားရန်သူငယ်ချင်းတွေနဲ့လမ်းခွဲလိုက်ရတော့သည်။ နှစ်တစ်နှစ်ရက်တစ်ရက်၏ အချိန်တစ်ခုသည်လူတစ်ယောက်၏ ဘ၀ကိုသိမ်းပိုက်လွမ်းမိုးပက်သက်လာနိုင် မှန်း ကျွန်တော်ထိုအချိန်ကမသိခဲ့။ကားချိန်နီးလာသဖြင့်ပါလာသည့် အ၀တ်ထုတ်ကိုကားစပါလ်ယာကို ပေးပြီးအပေါ်တက်ထိုင်နေသည်။ ယူနီဖောင်းအနီဝတ် ယဉ်မယ်လေးများကလည်း ဖော်ရွေလှသည်။ 

ကာ်း ပေါ်ရောက်တော့ လူအားလုံးအပြည့်ဖြစ်နေသည်။ မိုးကလည်း ဖွဲဖွဲရွာနေသဖြင့်စောစောကားပေါ်တက်နေကြ ခြင်းဖြစ်မည်။ ထူးထူးခြားခြားကျွန်တော်ဘေးရှိခုံတစ်နေရာလွတ်နေသည်။
နည်းနည်းဝမ်းသာသွားသည်။ တစ်ယောက်ယောက် အကြောင်းတစ်ခုခုကြောင့်မလိုက်ဖြစ်လျှင်ကျွန် တော်တစ်ယောက်ထဲနှစ်ခုံစီးသွားရတော့မည်။ 

ကားထွက်ခါနီးတွင်လူတစ်ယောက်တက်လာသည်။ မျက်မှန်လေး ဒေါင့်ကိုပုံစံကျအောင်တပ်ထားသည်။ ကချင်ပုဆိုးကို ပုံကျအောင်ဝတ်ထားပြီး မိုးကာအကျီတစ်ထည်ကိုလည်း တွဲဝတ်ထာသည်။ ကျွန်တော်ဘေးခုန်ကလူထင်သောကြောင့် ခုဏကတွေးနေသောအတွေးကိုပြန်စဉ်းစား ပြီးရည်မိသည်။

ကျွန်တော်ရသောခုံကဘေးခုံမဟုတ်။ ခုတက်လာသောသူက ကျွန်တော်ကိုကျော်ပြီးသူခုံကိုဝင်ထိုင် သည်။ သူပုံကိုကြည့်၇သည်မှာ အေးဆေးတည်ငြိမ်လွန်းလှသည်။ ယဉ်မယ်ကောင်မလေး၏ ခရီးစဉ်ကိုစတင်ကြောင်း ကြော်ငြာပြီးသည့်နောက် ကားမီးကိုမိတ်ပြီး ဘီးစတင်လိမ့်နေပြီဖြစ်သည်။ အနည်းငယ်အေးလာသဖြင့် ထဘက်ကို အသာခြုံလိုက်သည်။ 

“ချစ်ကိုညရောက်မယ် မနက်မှလာတွေ့မယ်။ အင်းသတိ၇တယ်။ လွမ်းလည်းလွမ်းနေတယ်။ အင်းပါ ပြန်လာမှအဲလို တီတီတာတာမချွဲလိုကတော့ မောင်နဲ့တွေ့မယ်။ ခုကားထွက်နေပြီမို့လို့လှမ်းဆက်လိုက်တာ။ ချစ်တယ်။ ဘိုင်ဘိုင် မနက်မောင်လာခဲ့မယ်”။ ချစ်သူကိုဖုန်းဆက်ပြောပြီးတော့ ခရီးစဉ်တစ်ခုလုံးအတွက်လုပ်စရာဘာမှ မရှိတော့၍ အိပ်ရန်ဆုံးဖြတ်လိုက်သည်။

ကျွန်တော်ဘေးမှ ထိုလူကတော့ မည်သို့နေသည်ကိုမသိ။ ကားပေါ်မှတေးသွား ငြိမ့်ငြိမ့်လေးကိုမျက်ဝန်းကိုမှိတ်ပြီးနာထောင်နေသည်။ ထိုအချိန်တွင် ကားအဲကွန်းအရှိန်ကြောင့် အေးစက်နေသော ကျွန်တော်လက်တစ်ဖက်သည် တစ်စုံတစ်ခုကြောင့်နွေးထွေးလာသည်။
လက်ကိုအနည်းငယ် ရုန်းကြည့်သည်။ မရ။

ထိုတစ်ယောက်ကသေချာစွာဖိကိုင်ထားသည်။ ကျွန်တော်လေသံကို အနိမ့်ဆုံး ထားပြီး “ အစ်ကိုကျွန်တော်လက်ကိုဘာလုပ်တာလည်း”

ဇော်ညီညီ(နေပြည်တော်) 

ဆက်လျှက်ဖော်ပြပါမည်။
 

No comments:

Post a Comment