လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Thursday, 29 May 2014

လိပ်ပြာမျှားသောကျွန်း အပိုင်း(၂)

ကျွန်တော်ဘေးမှ ထိုလူကတော့ မည်သို့နေသည်ကိုမသိ။ ကားပေါ်မှတေးသွား ငြိမ့်ငြိမ့်လေးကိုမျက်ဝန်းကိုမှိတ်ပြီးနားထောင်နေသည်။ ထိုအချိန်တွင် ကားအဲကွန်းအရှိန်ကြောင့် အေးစက်နေသော ကျွန်တော်လက်တစ်ဖက်သည် တစ်စုံတစ်ခုကြောင့်နွေးထွေးလာသည်။
လက်ကိုအနည်းငယ် ရုန်းကြည့်သည်။ မရ။

ထိုတစ်ယောက်ကသေချာစွာဖိကိုင်ထားသည်။ ကျွန်တော်လေသံကို အနိမ့်ဆုံး ထားပြီး “ အစ်ကိုကျွန်တော်လက်ကိုဘာလုပ်တာလည်း” “ ညီ ဘာမှမဖြစ်လောက်ဘူးမို့လား။ ဒီတိုင်းလေးပါဘဲ။ ကျန် တာဘာမှမဟုတ်ပါဘူး” စကားသံခပ်အေးအေးက ကျွန်တော်နားထဲသို့ဝင်လာသည်။ ထိုလူသဘောက ဒီတိုင်း ကိုင်ထားတဲ့အတွက် စိတ်ထဲမှာဘာမှမဖြစ်စေရန်ရည်ရွယ်နေပုံရသည်။ သူပြောတာလည်းဟုတ်ပါသည်။ လက်တစ် ဖက်ကိုခပ်ဖွဖွကိုင်ထားရုံဖြင့် ဘာမှမဖြစ်နိုင်။

အဲအချိန်မှာ ကျွန်တော်အတွေးတစ်ချို့ဝင်လာသည်။ ခုခေတ်မှာခေတ်စနစ်နဲ့အညီ ကျွန်တော်တို့လူသားတွေဟာ ပြောင်းလဲနေကြတယ်။ အနောက်တိုင်းရုပ်ရှင်တွေသာမက ကျွန်တော်တို့နိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးမှာလည်း တတိယလိင်ခံစားမူပိုင်ရှင်တွေရှိနေကြသည်။ 

မြန်မာယဉ်ကျေးမူအရ တစ်ချို့သောအချက်တွေမှာ ကွဲလွဲပြီး လူသားအချင်းချင်းနိပ်ချဆက်ဆံကြပေမဲ့ ထိုသို့ခံစားချက်ရှိသောသူများ ကလည်း လောကထက်မှာရခဲလှတဲ့ လူသားဆိုသော ဘ၀ကို ပိုင်ဆိုင်ထားကြတဲ့သူတွေပါဘဲ။
ကျွန်တော်အတွေးတွေကပဲ ခေတ်ဆန်လွန်းနေသည်ထင်သည်။ထိုလူတွေကို ကျွန်တော်နားလည်ပေးနိုင်သည်။ သို့သော် ပတ်ဝန်းကျင်အသိုင်းဝိုင်းတစ်ခု၏ မျက်မုန်းကျိုးဖွယ်မဖြစ်အောင်တော့နေထိုင်နိုင်ရမည်ဖြစ်သည်။

ယခု ကျွန်တော်လက်တွေ့ကြုံနေပြီ။ လက်ကိုကိုင်ထားသဖြင့် ဘာမှမဖြစ်နိုင်သော်လည်း ကျွန်တော်စိတ်ကမလုံ။ဘေး ပတ်ဝန်းကျင်တစ်မှ တုန့်ပြန်လာမည့်တစ်ခုခုကိုကျွန်တော်ကြောက်သည်။ ကျွန်တော် ထပ်မံကြိုးစားပြီးရုန်းကြည့် သည်။ ကိုင်ထားသော လက်ကခိုင်မြဲလွန်းလှသဖြင့် ရုန်းကန်ခြင်းက လွတ်မြောက်ခြင်းကိုမဖြစ်မိ။

နောက်ဆုံး စိတ်ကိုအစွန်းဆုံးထိလျှော့ချလိုက်သည်။ ပြောချင်သည့်စကားများကို ကားဆင်းသည့် အချိန် မှ ပြောတော့မည်။ခုတော့ ကိုယ်အတွက်ဖြင့် တစ်ခြားသူစိတ်မသက်မသာဖြစ်မည့်စကာလုံးများကို ကျွန်တော်မပြောချင်။ ကျွန်တော်ဘေးမှ အစ်ကိုပုံကိုထပ်မံအကဲခတ်ကြည့်ပြန်သည်။ ရိုးသားတည်ကြည်သော ရုပ်ရည်နှင့်အဆင့်ရှိလှသည်။ စကားသံကိုပြန်တွေးကြည့်တော့လည်း လေယူလေသိမ်းမှအစ လူယဉ် ကျေးတစ်ယောက်ပုံစံသုံးသွားသည်။
ကျွန်တော် နွဲနောင်းပျော့ပြောင်းမူတစ်စုံတစ်ရာမရှိသော Gay တစ်ယောက်နှင့်ဆုံတွေ့နေရပြီ

ခံစားချက် နှင့်သူ၏ အခြားသောခံယူချက်များကို မေးကြည့်ချင်သော်လည်း ကျွန်တော်အနည်းငယ်လန့်သည်။ ကျွန်တော် တို့မြင်ဖူးကြာဖူးသော အချိုသော့ Gay များ၏အဆင့်များကို မြင်ဖူးခဲ့လို့လည်းဖြစ်နိုင်သည်။ ထိုကြောင့်ကျွန်တော် ၏ လေ့လာကြည့်ချင်သောစိတ်ကိုပြန် မျိုချလိုက်ရသည်။ ကျွန်တော်မည်မျှ တွေးတေားနေမိသည်မသိ။ ကား သည်ငြိမ့်ညောင်းစွာရပ်နေသည်။ ဘေးမှ လူတစ်ချို့သည်လည်း အောက်ဆင်းရန် လုပ်လုပ်ရွရွဖြစ်နေသည်။ နာရီကိုကြည့်လိုက်တော့ ၁၀ နာရီခွဲ။ မိတ္ထိလာရောက်ပြီထင်သည်။

ယာဉ်မယ်၏ နုတ်ဆက်စကားသံကိုပင် မကြားလောက်အောင် ကျွန်တော်Gay ဋီကာကိုစဉ်းစားနေမိသည်။ အပေါ့စွန်ရန် Feel အနောက်ဘက်သို့ရောက်ပြီး မှန်တွင်ကြည့်တော့မှ ကျွန်တော်မျက်နာတွင်အပြုံးတွေ တွဲခိုနေ မှန်းသတိထားမိသည်။ ကျွန်တော်ထဲထဲဝင်ဝင်လည်းမသိ ၊အစိမ်းသက်သက်ဖြစ်သော အသိုင်းဝိုင်းတစ်ခုကို လွတ်လပ် စွာတွေးမိသောကြောင့်လည်းဖြစ်လောက်သည်။ ကျန်း မာရေးအတွက် အနည်းငယ် သန့်ရှင်းရေးလုပ်ပြီး တစ်ခုခုစားရန်အတွက် စားပွဲတွင်ဝင်ထိုင် မိသည်။ ထိုအချိန်တွင် ကျွန်တော်တို့စားပွဲနှင့်မျက်နှာချင်းဆိုင်တွင် VIP ထိုင်ခုံတစ်ချို့ကိုတွေ့ရသည်။

စာကိုသေချာဖတ်ကြည့်တော့ “ယဉ်မောင်များအတွက်သီးသန့်”ဟုရေးထားသည်။ မြန်မာနိုင်ငံ၏ ထူးခြားသော အဆင့်တန်းခွဲခြားမူဟုပင်ထင်သည်။ ယဉ်တစ်စီးတွင် ယဉ်မောင်းယဉ်နောက်လိုက်နှင့်ယဉ်မယ်/ ယဉ်မောင်များ နှင့် ခရီးသည်များပါဝင်ကြမည်ဖြစ်သည်။ လူတစ်ချို့၏ စီးပွားရေးကိုမြောက်ပင့်လုပ်ပေးတတ် သောစိတ်ထားဟုပင်ထင်မြင်၏။ ယဉ်ရပ်သောနေရာတွင် လိုက်ပါသောခရီးသည်များအားလုံးစားသုံးကြ ရမည်။ ထိုသို့ရပ်ရန်အတွက် ယဉ်မောင်နှင့်အခြားသူများကို နေရာတစ်ခုပေးပြီးစည်းရုံးလိုက်သောအခါ စီးပွားရေးက ဒီရေအလားတိုးတက်တော့မည်။

မှာထားသော ထမင်းဆီဆမ်းနှင့်အမဲကြော်ရောက်လာတော့ “ညီဒီမှာထိုင်လို့ရသေးလား” အသံတစ်ခု ကြောင့်ခေါင်းမော့ကြည့်မိသည်။ “အားရတယ်အစ်ကို ထိုင်ထိုင်” “ စားပွဲအလွတ်မရှိတော့လို့” ထိုအစ်ကိုက ပြောနေလျှက်ဖြင့်ဝင်ထိုင်သည်။ Vibrationလုပ်ထားသဖြင့် ဖုန်းလေးကအသံမထွက်ဘဲ တ၀ိဝိမြည် လာပြန်သည်။ “ဟာချစ် မအိပ်သေးဘူးလာ။ မောင်တောင် အိပ်နေပြီထင်လို့ဖုန်းမဆက်တာ” ကျွန်တော်ချစ်သူလေးက ကျွန်တော်ကို စိတ်ပူနေသည်ထင်။ ဒီအချိန်လောက် မိတ္ထိလာရောက်မည်ကိုသိသောကြောင့် မအိပ်ဘဲဖုန်းစောင့်နေခြင်းဖြစ် မည်။ 

စကားအနည်းငယ်ပြောပြီး ဖုန်းချခါနီးတွင် “ ချစ်တယ်”လို့ပြောပြီး အနမ်းပေးသည့်အသံ ပြွတ်ဆိုသည် ကို လုပ်နေကြအတိုင်းလုပ်လိုက်မိသည်။ ကျွန်တော်ရှေ့တွင် မုန့်စားနေသော အစ်ကိုက ကျွန် တော်ကိုကြည့်ပြီး ပြုံးနေသည်။ ကျွန်တော်အနည်းငယ်ရှက်သွားသည်။ ချစ်သူနှင့်ဖုန်းပြောလျှင် ပတ်ဝန်းကျင်ကို မေ့ပြီး ထိုသို့လုပ်တတ်သဖြင့် အရှက်ရပေါင်းကလည်းများပြီ။ “ကျွန်တော်လည်း အရှက်ပြေ အစ်ကိုကဘာရယ်နေတာလည်းဗျာ။

ရှက်တောင်ရှက်လာပြီ” ကျွန်တော်ထိုသို့ပြောလိုက်မှပင် ထိုအစ်ကိုက အသံထွက်အောင် ရယ်တော့သည်။
“ဘာမှမဟုတ်ပါဘူးငါညီရာ။ မင်းချစ်သူနဲ့စကားပြောတာကိုသဘောကျလို့ပါ” ကျွန်တော်ထိုအချိန်မှ အစ်ကို၏ ဖြူဖွေးသောသွားမှ သွားတက်လေးကိုသတိထားမိပြန်သည်။ အနေအေးပုံရပြီး လူချစ်လူခင်များ လောက်သည်။အချိန်အနည်းငယ်လောက်မှာ “နေပြည်တော်လိုက်ပါမည့် ခရီးသည်များ မန္တလာမင်းအဆင့်မြင့်ကား မကြာမီထွက်ခွာတော့ပါမယ်” ဆိုသည့်အသံကြောင့် ကျွန်တော်တို့ကားပေါ်ပြန်တက်လာလိုက်သည်။ Feel ဆိုင်ရှေ့ မှ ကားကိုခေါက်လိုက်သည်နှင့် ဒုတိယအကြိမ်မြောက် စုပ်ကိုင်ခြင်းကိုပြုလာသည့်လက်တစ်ဖက်က ကျွန်တော် လက်ပေါ်သို့ နွေးထွေးစွာကျ ရောက်လာပြန်သည်။

စားသောက်ဆိုင်တုန်းကလည်းစကာစမြည်ပြောပြီးပြီ။ လူအခြေနေကလည်း ဆိုးရိမ်ရမည်ပုံစံမဟုတ် သဖြင့် ကျွန်တော်ထပ်မံမငြင်းတော့။ ဒီခရီးစဉ်ပြီးလေးနာရီသာတွေဆုံရမည်ဖြစ်ပြီ နောက်အချိန်တွင်လည်း တွေ့ ဆုံရန် အကြောင်းမရှိသဖြင့် အေးဆေးငြိမ်သက်စွာနေလိုက်တော့သည်။စိတ်ထဲတွင် ကျွန်တော်ချစ်သူလေး မိုးမြင့်ဖြစ်လျှင် ဘယ်လောက်ကောင်းမလည်းဟုတွေးနေသည်။ 

ချစ်သူလေးဆိုလျှင်တော့ ပုခုံးလေးကိုနွေးနွေး ထွေးထွေးဖက်ထားမိမည်ဖြစ်သည်
အတွေးတစ်ချက်ဝင်လာသည်နှင့်ရင်ခုန်သံကနွေးကနဲ့ဖြစ်လာပြီ။ ကျွန်တော်ပေါ်ကိုနားလည်မူပေးဆုံးနှင့် အချစ်တတ်ဆုံးလည်းဖြစ်သည်။ ကိစ္စတစ်ခုခုဖြစ်လျှင်ပင် ကျွန်တော်ဘက်မှပင်နေတတ်သည်။ တစ်ခါတရံတွင် ကျွန်တော်သူမစိတ်ကိုမချင့်မ၇ဲဖြစ်မိသည်။ 

ထိုမျှကျွန်တော်ပေါ်ကောင်းနေသောစိတ်သည် အကြောင်းတစ်စုံတစ် ခုကြောင့်ပြောင်းလဲသွားလျှင် မည်သိုထိန်းချုပ်ရမည်ကိုကျွန်တော် မသိ။ ကျွန်တော်သူမစိတ်ကိုလွမ်းမိုးအောင်ပြောနိုင်မည် မပြောနိုင်မည်ဆိုသည်မှာလည်းဝေခွဲမရ။

မိုးအနည်းငယ်သည်းလာလို့ထင်သည် ကားအတွင်းမှအဲကွန်းကပိုအေးလာသည်။ ထိုအအေးဓါတ်နှင့် ဆန့်ကျင်စွာ ကျွန်တော်လက်တစ်ဖက်ကတော့နွေးထွေးနေဆဲဖြစ်သည်။ စိတ်ကိုအစွန်းဆုံထိဖြေလျှော့ပြီး ထိုင်ခုံကိုမှီလိုက်သည်နှင့် မျက်လုံးအစုံက အိပ်စက်ခြင်းသို့ရောက်တော့မည်။ အနည်းငယ်ပင်ပန်းထားသည့်အရှိန်နှင့် ညနေ မန္တလေးမှ သူငယ်ချင်းများနှင့်သောက်ခဲ့သော ယမကာ များကအစွမ်းပြပြီထင်သည်။ 

မည်မျှချစ်သူကို စိတ်စွဲလမ်းသွားသည်မသိ အိမ်မက်ထဲတွင်ပင် ကျွန်တော်သူငယ်ချင်းများနှင့် ကျွန်တော်မင်္ဂလာပွဲက ချိန့်ချိန်သဲသဲကျင်းပနေသည်
ချစ်ရသူလေး မိုးမြင့်၏ လှပပြည့်ဖောင်းနေသော မျက်နာလေးသည်ကျွန်တော်အတွက်ကြက်သ ရေရှိလှသည်။သူမ၏သတို့သမီးအ၀တ်စားဖြင့် လိမ်းချယ်ထားသော မိတ်ကပ်များသည်ပင် ကျွန်တော် အတွက်ရင်ခုန်မူအတိဖြစ်နေသည်

ကျွန်တော်လူကြီးများမမြင်အောင် ပါးလေးကိုခပ်ဖွဖွနမ်းလိုက်မိတော့ “အိုး” သွားလူဆိုး လူကြီးတွေမြင်ကုန်မယ်ဟုပြောပြီး ကျွန်တော်ဘေးမှထွက်ပြေးသွားသည်။ ကျွန်တော်သူမနောက် လိုက်သွားတော့ ကျွန်တော်နှင့်မည်သည့်အချိန်ကရင်းနီးနေမှန်းမသိသောမျက်နာတစ်ခုကို မြင်လိုက်ရသည်။

“ဒီမင်္ဂလာပွဲကိုကန့်ကွက်ပါတယ်” အေးဆေးတည်ငြိမ်ရဲရင့်သော ခြေလှမ်းများဖြင့်တစ်လှမ်းချင်းလာနေသည်။ သေချာကြည့်မိတော့ ကျွန်တော်နှင့်မန်းလေးနေပြည်တော် ကားပေါ်မှတွေ့မိသောသူဖြစ်နေသည်။ ပရိတ်သတ်အားလုံး၏ မျက်ဝန်းများက သူထံရောက်နေကြသည်။ ကျွန်တော်ရင်ခုန်သံတွေ တဖြေးဖြေးမြန်လာ သည်။ မည်သည့်အတွက်ကြောင့် သူထိုသို့လုပ်သနည်း။ ကျွန်တော်ဘေးမှ သတိုးသမီးကလည်း ကျွန်တော် မျက်နာကို ကြည့်လာသည်။ သူမ၏ အကြည့်ထဲတွင် အဓိပ္ပါယ်မဖော်နိုင်သော မယုံကြည်နိုင်ခြင်းများကအပြည့်။

ထိုအချိန်တွင် ကျွန်တော်နားထဲသို့အသံတစ်ချိုတိုးဝင်လာသည်။ “ ကျေးဇူးပြုပြီးနာထောင်ပါရှင့် မကြာမီအချိန်တွင် နေပြည်တော် မြို့မဈေးကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် လူကြီးမင်းတို့၏ ပစ္စည်းများကို မေ့မကျန်ခဲ့စေရန် သတိပေးအပ်ပါတယ်” ကောင်မလေးအသံချိုချိုကြောင့် ကျွန်တော်လန့်နိုးသွားသည်။ခန္ဓာ ကိုယ်တစ်ခုလုံးမှာ ချွေးများဖြင့်စိုရွဲနေသည်။ ကျွန်တော်စိုးရိမ်စွာဖြင့် ဘေးမှအစ်ကိုကို ကြည့်မိတော့ သူလည်း ကားအောက်သို့ဆင်းရန် ပြင်ဆင်ပြီးဖြစ်နေသည်။

မြိုမဂိတ်တွင်ကားဆိုက်ရောက်သည်နှင့် ခရီးသည်များဆင်းရန်တန်းစီနေကြသည်။ကျွန်တော်ကတော့ ပူလောင်နေသည့်အိမ်မက်ကိုဖြေသာရန် အေးဆေးပင်ဆင်းရန်ဆုံးဖြတ်ပြီးနေမိသည်။ ကျွန်တော်ဘေးမှ အစ်ကို ကကျွန်တော်ရှေ့မှာဆင်းရန် စောင့်နေသည်။ ကျွန်တော်နောက်တွင်ခရီးသည်တစ်ယောက်မှမရှိတော့။ ထိုအစ် ကို ကားအောက်ဆင်းရန် လှေခါးသို့နှင်းလိုက်သည်နှင့် ကျွန်တော်သူလက်ကို သတိကြီးစွာဆွဲပြီး 

“ ကျွန်တော် Gay တွေကိုကြောက်တယ်”။

ဇော်ညီညီ(နေပြည်တော်) 

ဆက်လျှက်ဖော်ပြပါမည်။

No comments:

Post a Comment