လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Thursday, 29 May 2014

အခက်စိုပင်အိုထက်ကငုဝါတဲ့လား

 

ရှင်လိင်ပြန်သောနေ့ ၊ ထောင်ကထွက်သောနေ့နှင့် အိမ်ထောင်ပြုသောနေ့ ထိုနေ့သုံးရက်သည် ဘ၀တွင် အပျော်ဆုံးဖြစ်သည်ဟုမှတ်သားထားဘူးသည်။ မှန်ပေသည်။ အိမ်ထောင်ပြုရန်အတွက် မင်္ဂလာအကြို မဏ္ဍပ်ထိုး သောနေ့သည်ပင်လျှင် ကျွန်တော်နှင့်ငုဝါအတွက် ပျော်ရွင်မူများစွာယူဆောင်ပေးသောနှစ်ဖြစ်သည်။

နယ်ဓလေ့ထုံးစံအတိုင်း အိမ်ရှေ့လမ်းကို ကာပြီမဏ္ဍပ်ဆောက်လုပ်ထားသည်။ အရောင်စုံဘောလုံးများ နှင့် ငုဝါပန်းများကိုလည်းလှပစွာစီရီထားသည်။ မင်္ဂလာမဏ္ဍပ်တစ်ခုလုံး ပန်းရနံဖြင့် သင်းပျံနေသည်။ ပြင် ဆင်ထားသော ခုံများထက်တွင် ကျွန်တော်နှင့်ငုဝါ အစမ်းထိုင်ကြည့်ပြီး သူမ၏ရှက်ရွံနေသော မျက်ဝန်းများ ကိုကြည့်မိသည်။ထိုသို့ဖြင့် ငုဝါကိုချစ်သောကောင်မလေးနှင်းငုဝါသည် ကျွန်တော်အချစ်အားလုံး၏ မူပိုင်ရှင် ဖြစ်၏။

ငုဝါသည်အမြဲ မြန်မာဆန်ဆန်ယဉ်ဖုံးအကျီနှင့်ပန်းတစ်မျိုးမျိုးကို ဆံကေသာတွင်ဆင်မြန်းထားတတ် သည်။ သူအမြတ်နိုးဆုံးပန်းမှာ တာတန်ခူးတွင်အပြိုင်ဖူးဖွင့်သည် ငုဝါပင်ဖြစ်သည်။ ကျွန်တော်တို့နှင့် ချစ်သူသက် တမ်း တစ်နှစ်ကျော်သောအချိန်တွင် လက်ထပ်ရန်ဆုံးဖြတ်လိုက်သည်။နှစ်ထောင်တစ်ဆယ်လေး၏ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မင်္ဂလာပွဲပြုလုပ်ရန် ရက်ကိုရွေးချယ်ထားသည်။


သင်္ကြန်ပွဲအတွင်အသုံးပြုရန်နှင့် မင်္ဂဆောင်ရန်အတွက် မဏ္ဍပ်ကိုတစ်ခါထဲပေါင်းထိုးထားသည်။ အကြို၊ အကျ ၊ အကြတ်၊ အတတ်နေ့များတွင် မုန့်လုံးရေပေါ်၊မုန့်လက်ဆောင်းနှင့် အခြားနယ်ထွက် ပစ္စည်းများဖြင့်ကုသိုလ်ပြုကြသည်။ ကျွန်တော်တို့နှစ်ယောက် မင်္ဂလာပွဲလုပ်မည့်နေရာလေးသည် အတာသင်္ကြန်တွင်း တလျှောက်လုံးမနက်ပိုင်း၌ ကလေးငယ်များ ဆော့ကစားရေစော့နေသံနှင့် ညနေပိုင်းတွင် ဥပုဒ်သည်များကို အအေးလှူသော အသံများဖြင့် သာယာပျော်ရွင်ဖွယ်ကောင်းနေသည်။

သင်္ကြန်၏ နောက်ဆုံးနေ့ဖြစ်သော အတတ်နေ့တစ်ရက်ကိုတော့ မင်္ဂလာအခန်းနားပြင်ဆင်ရန် အတွက်အသုံးပြုသည်။ ထိုအတွက်လည်း ငုဝါပန်းကိုချစ်သော ကျွန်တော်ချစ်သူလေးအတွက် အပြင်ဆင်တစ် ခုလုံးအား ငုဝါပန်းများဖြင့် စီချယ်နေသည်။အမည်နာမစာလုံးများကိုပင် ငုဝါကိုစွဲလမ်းသော ကောင်မလေး အတွက် ငုဝါပန်းအရောင်ဖြင့်ကျွန်တော် ပြုလုပ်စေခဲ့သည်။ ငုဝါချစ်သောနှင်းငုဝါအတွက် ကျွန်တော်အစွမ်းကုန် ဖြည့်ဆည်းပေးမိနေသည်။

ဖေဖေမေမေတို့သည် သူတို့၏ချွေးမလောင်းလေးအတွက် ရွေဝါရောင်ဝတ်စုံကိုအထူးချုပ်ထား သည်။ သားဖြစ်သူ သဲသဲလှုပ်နေပုံကိုကြည့်ပြီ “ မင်းသားကိုကြည့်စမ်းပါဦးကွာ အဖေတူလို့ထင်တယ် မိန်းမ ကိုချစ်တာ ပြာယာကို ခတ်နေတယ်” မေမေ၏ မျက်စောင်းတစ်ချက် ဖေဖေထံရောက်သွားသည်။ “တော်ကတော့ ပြောတော့ မယ်ကလေးတွေရှေ့မှာ ဘာမှန်းမသိဘူး” ရှက်ကိုရှက်ကန်းဖြင့် ကျွန်တော်တို့အလှဆင်နေသော ငုဝါပန်းတစ် ခက်ကိုအရှက်ပြေ ယူပြီးခေါင်းတွင်ပန်ပြီးထွက်သွားသည်။ 

မေမေတို့ပြောလျှင်လည်ပြောလောက်ပေသည်။ ကျွန်တော်၏ ပျော်ရွင်နေသော မျက်နာသည် အရမ်း သိသာလွန်းနေသည်။လိမ္မာယဉ်ကျေးပြီး ကျွန်တော်ပေါ်နားလည်မူအပြည့်ရှိသော ချစ်သူတစ်ယောက်အား ဘ၀တစ်ခုလုံးအတွက် ပိုင်ဆိုင်ရမည်မဟုတ်ပါလား။ ပန်ကိုမြတ်မြတ်နိုးနိုးချစ်တတ်ပြီး စိတ်သဘောထားပြည့်ဝသည်ကို ချစ်သူသက်တမ်းတစ်လျှောက်တွင်သိခွင့်ရ၏။
ခေတ်နှင့်အညီတိုးတက်နေသာ နှစ်ဆယ်ရာစုကြီးထဲတွင် ကတီပါဖိနပ် ထဘီဖြင့် အမြဲဆံပင်ကို အနောက်သို့ သေသပ်စွာသိမ်းပြီး ပန်းတစ်ပွင့်ပန်းထားသောပုံစံကိုကျွန်တော်ပိုမြတ်နိုးသည်။ 

ငုဝါ၏မိဘနှစ်ပါး လုံးငယ်စဉ်ထဲက ဆုံးပါသွားခဲ့သဖြင့် အဒေါ်အပျိုကြီး၏ အုပ်ထိန်းမူအောက်တွင်သိုသိပ်စွာနေရင်း ကျွန်တော်နှင့် ချစ်ကြိုးသွယ်မိကြခြင်းလည်းဖြစ်သည်။ရည်းစားသက်တမ်းတစ်လျှောက်လုံးတွင်လည်း လက်လေးကိုင်ခွင့်ကို တောင်မနည်းတောင်ဆိုတိုက်ပွဲဝင်ခဲ့ရသောကျွန်တော်သည် သူမ၏ပါးတစ်ဖက်ကိုနမ်းရှိုက်ခွင့်မရခဲ့ဟုဆိုလျှင် ယုံကြည်နိုင်ကြမည်မထင်။

“ငုဝါ ဒီနေ့သင်္ကြန်အတက်နေ့ဆိုတော့ အပြင်လျှောက်လည်ရအောင်” ကျွန်တော်ပြောလိုက်သည်နှင့် တန်းငြင်းတော့သည်။ “ ဟာကိုကလည်း အတက်နေဆိုတော့ ကြမ်းမှာကောင်လေးတွေ မူးရူးနေရင်ဒုက္ခ” အရင်နေ့တွေတုန်းက အိမ်တွင်အေးဆေးနေသော်လည် လူပျိုနောက်ဆုံးနေ့ကလည်းနီးနေသဖြင့် ချစ်ရသူလေး ကိုတင်ပြီး မန်းလေးသို့လည်ပတ်ချင်မိသည်။ ကျွန်တော်နေသောနေရာမှ မန်းလေးသို့ ဆိုင်ကယ်စီးလျှင် နာရီ ၀က်ကျော်သာကြာသဖြင့် ညကိုးနာရီလောက်တွင် ပြန်ရောက်နိုင်သည်။

“လာပါကွာ ကိုပါနေတာကို သွားဘောင်းဘီသွားဝတ်” “တော်ပြီဒီတိုင်းဘဲလိုက်မယ်ကို” ပြောလို့လည်း ရမည်မထင်သဖြင့် ကဲချစ်သဘောပါဆိုသည်သဘောဖြင့် ဆိုင်ကယ်ကိုခွလိုက်သည်။ “ မေမေသားတို့ မန်းလေးဘက်ခဏသွားလိုက်အုံးမယ်။ ညစောစောပြန်လာမယ်” အေးအေးသား ဖြေးဖြေးလည်းမောင်းအုံးနော်သင်္ကြန်မှာသောက်စားတဲ့ သူတွေကပေါတာနဲ့” မေမေစကားကို “ဟုတ်” ဟု အကျယ်ကြီးထောက်ခံပြီး ဆိုင်ကယ် လီဘာကိုစွဲလိုက်သည်နှင့် ချစ်သူ၏ကိုခန္ဓာက ကျွန်တော်ကျောပေါ်သို့။

လမ်းတစ်လျှောက်လုံးကလေးတွေပက်သော ရေခွက်မှရေနှင့် ပိုက်ဖြင့်ထိုးသောရေများက ကျွန်တော်နှင့် ငုဝါအား စိုစွတ်စေသည်။ ကျွန်တော်များစွာပျော်နေသည်။ ယခင်နှစ်သင်္ကြန်အချိန်တုန်းက လည် ပတ်ရန် တောင်းဆိုဖူးသော်လည်း ခွင့်မပြုခဲ့။ လက်ထပ်ရန်သေချာနေသော ဒီနှစ်မှပင် ကျွန်တော်နှင့်လျှောက် လည်ရန်ခွင့်ပြုသည်။ ချစ်လွန်းသဖြင့်အရာအားလုံးကို ငုဝါအလိုကျဖြစ်စေခဲ့သော ကျွန်တော်၏စိတ်ကိုလည်း များစွာအံသြမိသည်။ 

မိဘကပြောလျှင်ပင် အနည်းငယ်အထွန့်တတ်တတ်သော ယောက်ျားလေးသဘာဝများ သည် ငုဝါနှင့်တွေ့သောအခါတွင် နတ္ထိ။
မန်းလေးသို့စတင်ဝင်ရောက်သည်နှင့် ရှုတ်ထွေးလှသော ဆိုင်ကယ်များနှင့်ကားဟွန်းသံများက ဆူညံ လာသည်။ ကျွန်တော်ဘက်မှန်တစ်ဖက်ကိုသူမမျက်နာမြင်ရရန် အတွက်အနည်းငယ်ချိန်လိုက်သည်။ သူမ၏ ဆံကေသွယ်များက ရေများစိုစွတ်လျှက် ကပိုးက၇ို့ဖြင့်လှပနေသည်။ အကျီအပေါ်မှရေစိုလျှင် အဆင်ပြေစေ ရန် ကျွန်တော်ဂျာကင်ကိုဝတ်ထားပေမိလို့တော်သေသည်။ 

သင်္ကြန်မိုးပြေလေးတွေကလည်း တဖွဲဖွဲကျလာသည်။ ညနေအချိန်ဟောင်းတွင် ကျသောမိုးစက်လေးများကို ငုဝါချစ်မြတ်နိုးပုံရသည်။ ဆောင်းထားသည့် ဆိုင်ကယ်ဦး ထုတ်ကိုချွတ်ပြီ “ ကိုဆိုင်ကယ်ဖြေးဖြေးမောင်းနော်၊ ခေါင်ပေါ်မိုးစက်လေးတွေ ကျတာခံချင်လို့” ကျွန်တော်ကို လှမ်းပြောသည်နှင့် လိုင်ကယ်လီဘာကိုအလျှော့ ရှေ့တွင်သင်္ကြန်ရေလောင်းထား ၍
အိုင်နေသည့်ရေအိုင်နှင့် ကွက်တိဖြစ်သွားသည်။ 

ငုဝါဘက်ကိုစိတ်တစ်ချက်ညွတ်လိုက်သောအချိန်နှင့် လမ်းလေးခွရှိရေအိုင်ဖြင့်တည့်တည့်တိုးလေပြီ။ လမ်းတစ်ဖတ်ခြမ်းမှ ကားတစ်စင်းသည် အရှိန်ဟုန်ဖြင့် ကျွန်တော်တို့ဆိုင်ကယ်ထံသို့ရိပ်ကနဲ့ ပြေ၀င်းလာသည်။ မိုးကောင်းကင်ကြီးတစ်ခုလုံးသည် ချာချာလည်သွားသည်။

ကျွီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကတ္တရာလမ်းနှင့်ဆိုင်ကယ်တာယာပွတ်တိုက်သွားသံ၊ ကားဘရိတ်ကိုစွဲလိုက်သည့်အသံဘေးနားရှိ လူငယ်များအလန့်တကြား အော်သံတွေကိုနောက်ဆုံးကြားလိုက်ရပြီ ကျွန်တော်နောက်ရှိ ငုဝါသည် ကားရှေ့ သို့ တည်မှတ်စွာရောက်သွားသည်။ 

ဒုန်းးးးးးးးးးးးးးးးးးးးးး

“ငုဝါ” ကျွန်တော်၏ အသံကဘေးပတ်ဝန်းကျင်တစ်ခုလုံးသို့ညံသွားသည်။ ကားနှင့်မလှမ်းမကမ်းတွင် ပုံလျှက်လဲကျနေသော ငုဝါပန်းပိုင်ရှင်၏ ရုပ်ခန္ဓာကြောင့်ကျွန်တော်များစွာတုန်လုပ်သွားသည်။ ဇောတစ်ခုဖြင့် ကျွန်တော်ထံမှ ဒဏ်ရာအနာတရများကိုပင်ဂရုမပြုနိုင်ပေ။ “ငုဝါ” ကျွန်တော်မျက်ဝန်းများတွင် မျက်ရည်ဖြင့် ရောသော သွေးများက တစ်စက်ချင်းကျနေသည်။ ငုဝါမြတ်မြတ်နိုးနိုးပန်ခဲ့သော ပန်းတစ်ခိုင်သည် သွေးအိုင်ထဲ တွင် နေရာယူနေလေသည်။ ငုဝါကိုတင်းကြပ်စွာဖက်ပြီး သည်းထန်စွာငိုမိသည်။ ကျွန်တော်သာ သူမတားသည် ကို အလေးထားပြီး အပျော်အပါးကိုလျှော့ခဲ့မည်ဆိုလျှင် ထိုသို့ဖြစ်လိမ့်မည်မဟုတ်။

“ငုဝါမသေရဘူး။ ငုဝါမသေပါဘူးနော်”။ 

ကျွန်တော်အရူးတစ်ယောက်ပမှာယောင်းယမ်းပြောနေ မိသည်။ ရင်ဘတ်တစ်ခုမှ မြတ်နိုးစွာတန်ဖိုးထားသော နှလုံးသားပန်းတစ်ပွင့်သည် အတာကြူးသည့် လတစ်ခူး ၏ နောက်ဆုံးရက်တွင် လူလောကသို့ အေးချမ်းမူမရှိဘဲ နုတ်ဆက်သွားလေသည်။ ထိုနုတ်ဆက်သင်္ကြန်နှင့် အတူ ကျွန်တော်၏ ချစ်တတ်လွန်းသော အသည်းအစုံသည် အတာရေ၏အေးမျှခြင်းကိုခံစားမူမပေးနိုင်တော့။

ခွဲခွာသွားသောသူက မည်သို့ခံစားရမည်ကို သေချာပိုင်နိုင်စွာ မတွေးနိင်ပေမဲ့ ကျန်နေခဲ့၍ နေ့စဉ်ရက် ဆက်မေ့မရနိုင်သော ကျွန်တော်သည် ပူလောင်းခြင်း၏အတ္တကို အတိုင်းထက်လွန်စွာခံစားနေရသည်။ နှစ်တစ် နှစ်ကူးပြောင်းသည့် အတာတန်ခူးရောက်လေတိုင်း အလွမ်းများကပိုတိုးလာသည်။ ချစ်ဦးသူ အတိတ်သမိုင်း၏ အေးစက်စက် ကျိမ်စာများသည်ကျွန်တော်အတွက် ခါးသီးလွန်းလှပေသည်။

သူမ၏နောက်ဆုံးအချိန်တွင် သူမက ငုဝါတို့၏သခင်ဖြစ်ခဲ့သည်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ထားခဲ့သော မင်္ဂလာဦးမဏ္ဍပ်သည်သူမ၏ သံသရာတစ်စက်ကွင်းအတွက် လှေလှော်ကွင်းဖြစ်သွားသည်။ အခေါင်းတစ်ခုလုံးကို ငုဝါပန်းတွေဖြင့် လှပစွာစီမြန်းထားပြီး သတိုးသမီးဝတ်စုံ၏ လှပခြင်းတွင် ကျွန်တော်နှလုံးသားတစ်ခုလုံး ပေါက်ထွက်မတတ်ခံစားရသည်။

ထိုသို့ဖြင့် ကျွန်တော်သည် စိမ်းစိုနေသည့် ပင်အိုထက်မှ နုနယ်သော ငုဝါပန်း တစ်ပွင့်ကို ဆင်မြန်းခွင့်မရမီ သံသရာရထားပေါ်သို့ အဖော်မပါလိုက်ပါသွားသော ငုဝါသခင်ချစ်ဦးသူစောင့်မျှော်နေမည့် ကျွန်တော်၏ တမှလွန်မှ နှလုံးသားတစ်နေရာသို့ :::::::::::::::::::

ဇော်ညီညီ(နေပြည်တော်)

No comments:

Post a Comment