လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Monday, 26 May 2014

လမ်းမဟုတ်သော




သာက်ထားသောအရက်၏ တန်ခိုးအာနိသင်ဘယ်ရောက်သွားသည်မသိ။ ကျွန်တော်မြင်လိုက်သည်က ငိုကြွေးနေသောကျွန်တော်ဇနီး
။ ဘာတွေဖြစ်ကုန်ပြီလဲကျွန်တော်ကောင်းစွာမသိ။ ညနေက စိတ်ညစ်ညစ်ဖြင့် အရက်ဆိုင်သွားပြီး နားအေးပါအေးအရက်သောက်နေမိသည်။ ကျွန်တော်စိတ်ထဲတွင် ဒီကိစ္စကိုလုံးမ၀ အမှတ် မရ။ မိန်းမ၏ပူညံပူညံစကားသံနှင့်ဝေးလျှင်ပြီးပြီဟုသဘောထားမိသမျှသည် ကျွန်တော်အသဲနှလုံးကို ကွဲကြေ စေမည့် အဖြစ်တွေ ဖန်တီးမိပြီ။

မနေ့က ကျွန်တော်မိန်းမ စာမူကြမ်းဟုခေါ်ရမည့် စာမူတစ်ထပ်ကိုယူလာသည်။ ကျွန်တော်ဘယ်အကြောင့် ထိုစာမူတွေကျွန်တော်မိန်းမလက်ထဲကိုရောက်လာသည်ကိုသိသည်။ ကျွန်တော်မိန်းမ၏ သူငယ်ချင်းတစ်ယောက်သည်စာပေထုတ်လုပ်ရေးတစ်ခုကိုလုပ်၏။ ထိုကြောင့်သူမသည် ကျွန်တော်မိန်းမကို ကူညီလိုစိတ်ဖြင့်ထိုသို့ပေးလိုက်ခြင်းဖြစ်မည်။
ကျွန်တော်ကစာရေးဆရာဆိုပေမည့် သူတစ်ပါးလိုအောင်မြင်ထင်ရှားသူမဟုတ်။ သို့သော်စာပေဟူသော ပညာရပ်နှင့်ပတ်သက်ပြီးမာနကြီးသည်။ ထိုကြောင့် မိန်းမနှင့်သားလေးအတွက်တော့ ၀င်ငွေကိုကောင်းမွန်စွာ ရှာဖွေပေးနိုင်သော သူတစ်ယောက်မဖြစ်ခဲ့။ အမျိုးသမီး၏ ဈေးဘန်းလေးက ကျွန်တော်တို့သားအမိသုံးယောက် ၏စားဝတ်နေရေးကိုထိန်းထားသည်


တစ်လနေမှ စာမူတစ်ပုဒ်နှစ်ပုဒ်ရံဖန်ရန်ခါပါတတ်သည်။ ဂျာနယ်များတွင်လည်း တစ်လမှ တစ်ပုဒ်ဆိုသည်မှာ အလွန်းဆုံးပါခြင်းဖြစ်သည်။ စာပေနှင့်အသက်မွေးဝမ်းကြောင်းပြုမည့် ကလောင်တစ်ချောင်းဟု မာနကြီးစွာခံ ယူထားပြီ အခြားသောဝင်ငွေရသောအလုပ်များကို ကျွန်တော်မလုပ်မိ။ ညနေပိုင်းတွင် ကျွန်တော်ကဲ့သို့ရေးဖော် ရေးဖက် ဆရာပေါက်စများဖြင့် ယမကာအနည်းငယ်ကိုမှီဝဲပြီး ပါစပ်မှဖတ်ထားမှတ်ထားသမျှ စကာလုံးကြီးများ ကို လှိုက်လှိုက်လှဲလှဲပြောတတ်သည် 

ထိုသို့ပြောနိုင်ဆိုနိုင်သောက်နိုင်အောင်လည်း မိန်းမကဈေးဘန်းကိုခါးကျိုးအောင်ရောင်းနေလေသည်။ ကျွန်တော်၏ ရေပတ်မ၀င်သောစကာလုံးများကိုသောက်ဖော်သောက်ဖက်များကြားတွင် အရာဝင်နေသော် လည်းမိန်းမ၏စကားစစ်တွင် ကျွန်တော်အမြဲရှုံးသည်။
“တော်စမ်းပါတော်ရယ်။ တစ်လနေလို့ မိန်းမကို ငါးသောင်းပြည့်အောင်မပေးနိုင်တဲ့ယောက်ျား။ ပြောလိုက်ရင် နိုင်ငံကျော်ရသစာရေးဆရာကွ ဆိုတာပါးစပ်ကမချဘူး။ လူပျိုလူလွတ်တွေနဲ့တွဲပြီးမူး ရူး စားသောက်။

အိမ်က မိန်းမက ကလေးတစ်ဖက်နဲ့ ဘယ်လိုလုပ်ကိုင်စားနေရတယ်ဆိုတာကို နည်းနည်းလေးကိုယ်ချင်းစာအုံး”။ ထိုသို့ ပြောပြီးကလေးကို ကျွန်တော်ရင်ဘတ်ထဲကိုပစ်ထည့်သွားသည်ကလည်းအကြိမ်းပေါင်းများစွာ။
မိန်းမပြောစကားတွေကို ဆန့်ကျင်နိုင်ဖို့ ကျွန်တော်စာများများရေးသည်။တိုက်များသို့များများပို့သည်။ သို့သော် မျှော်လင့်ချက်က သိပ်မရှိ။ ရေးလေပယ်လေ ရေးပယ်ဖြစ်မှန်းမသိဖြစ်နေသည်။ ထိုသို့ဖြင့် ကျွန်တော်၏ အိမ် ထောင်ရေးသည် အဆင်မပြေမူများ များလာသည်။ တစ်ခါတရံတွင် ဘယ်အတွက်ကြောင့်များ ဒီစာပေရေးသား ခြင်းကို အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်လိုစိတ်ဖြစ်နေမှန်းကိုကျွန်တော်ဝေခွဲမရ။
လက်ရှိအချိန် သားငယ်လေးက တစ်နှစ်သားကျော်ကျော်သာရှိသေးသည်။

ခုအချိန်မှ ၀င်ငွေရနိုင်သည့် အလုပ် ကိုမလုပ်ရင် နောက်တစ်ချိန်မည်သို့မည်ပုံစခန်းသွားရမည် ကိုကျွန်တော်မတွေးတတ်။ ကျွန်တော်မိန်းမ၏ နာကပ် လေးဆွဲကြိုးလေးများပင် အိမ်တောင်သက်နှစ်နှစ်အတွင်း သားငယ်မွေးဖွားစာရိတ်များကြောင့် ရွေဆိုသည့်အရာက နတ္ထိ။ သူမ၏ ပစ္စည်းများကို စာရေးသူ သိက္ခာအတွက်ပေးဆပ်လိုက်သော်လည်း သူမကျွန်တော်ပေါ်အပစ်မတင်ခဲ့။ သိုသော်ယခုကိစ္စတွင် ကျွန်တော် အား အပြစ်တင်နေပြီ။
သားငယ်လေးကသိပ်နေမကောင်း။ ထိုအတွက်ငွေရမည့်ရေးသားခြင်းတစ်ချို့ကို ကျွန်တော်အား ပြုလုပ်စေလို သည်။ 

“ ဒီမှာ ငါကစာပေသိက္ခာကို တန်ဖိုးထားတဲ့စာကွ။ ဒီလိုစာရေးဆရာမိန်းမ ပါးစပ်က ရှင်ရှဲဒိုးရေးပါလို့ ပြောတာ မင်းမရှက်ဘူးလားကွာ”။ “ တော်စာရေးဆရာဆိုတာကနောက်။ ခုသားလေးနေမကောင်းဘူး။ ဘယ်မှာ လည်းဆေးဖိုး။ စာမူခလေးမဖြစ်စလောက်ရရင် သောက်သောက်စားစားလုပ်နေတာနဲ့ ရှင်ဘယ် လောက်စုမိလို့လဲ။ မပြောချင်းဘူး ကလေးသေသွားရင်တောင်ရှင်က စာပေမာနဆိုတာကြီးကိုဖက်တွယ်နေမဲ့သူ” 

မိန်းမကပြောလျှင်ဖြင့် အခန်းထဲသို့ဝင်သွားသည်။ ခန်းဆီးနောက်ကွယ်မှ အခန်းတွင်းသို့အသာလေးချောင်း ကြည့်မိတော့ မိန်းမက ကလေးကို ကြည့်ပြီး ငိုနေသည်။ “ ခြင်္သေကဘယ်တော့မှ မြက်မစားသလို ငါလို စာပေသမားစစ်စစ်ကလည်း ဘယ်တော့မှရှဲဒိုးမရေးဘူးကွ” မိန်းမနှင့်ငွေရေးကြေးရေး စကားပြောဖြစ်တိုင်း မာန် တင်းထားသောထိုစကာလုံးကို သွင်သွင်သုံးသည်။ထိုအတွက် ထမင်းဟင်းက သူတစ်ပါးမိသားစုလို့ ဖူလုံပြည့်စုံ ခြင်းကမရှိ။ 

“ဟူး” သက်ပျင်းကိုဖွဖွချမိတော့ ကျွန်တော်စားပွဲပေါ်သို့မိန်းမလာတင်ထားသော ရှဲဒိုးရေးရန် စာမူကြမ်းများက ခပ်လောင်လောင်ပြုံးနေသလို။ စာပွဲပေါ်တင်ထားသော စာမူတွေအားလုံးကို လက်ဖြင့်တွန်းလိုက်ပြီး စိတ်ထဲမှာ “င်္ဘယ် တော့မှ မြက်မစား” ဟုရေရွတ်လိုက်သည်။
သားငယ်လေးဆေးခန်းသွားဖို့အတွက် အပေါင်းသင်းတွေဆီမှာငွေလေးနည်းနည်းလှည့်ကြည့်သည်။

ဘ၀တူဆ ရာများမို့ သူတို့သည်လည်းကျွန်တော်နှင့်သိပ်မကွာလှ။ ထိုသို့ဖြစ်လာတိုင်း ကျွန်တော်မိန်းမယူလာသော ရှဲဒိုး ဆိုသည့်စာမူကြမ်းများကို မျက်လုံးထဲမြင်မိသည်။ အိမ်ထောင်ပြုပြီသည့်အချိန်မှစပြီး ငွေကြေးကိုလုံလောက်စွာ မရှာဖွေနိုင်သော စာပေသမားလင်ယောက်ျားကြောင့် ကျွန်တော်မိန်းမစိတ်ဆင်းရဲရသည်။ တစ်ခါတရံတွင် သူမ စားမည့်ဟင်းများကို ပင်ကျွန်တော်အမြည်းအတွက် ၀မ်းအဆာခံခဲ့သည်။

ကျွန်တော်သားလေး၏ အေးစက်နေသောကိုယ်ခန္ဓာကိုဖက်ပြီးအချိန်မည်မျှတွေးနေမိသည်မသိ။ “ အလကား ပါဟယ်စာရေးဆရာယောင်ယောင် ဘာယောင်ယောင်ပါ။ ခုလိုငွေမရှိ ဆေးခန်းမသွားနိုင်လို့ ကလေးတစ်ယောက် ဆုံးတဲ့အထိ စာပေမာနကြီးတဲ့စာရေးဆရာဆိုတာကို ခုမှမြင်ဖူးတယ်။ငါယောက်ျားသာဖြစ်ကြည့်စမ်းပါအေ ပေါင်းကိုမပေါင်းဘူး။ မိစန်းမို့လို့ ဒီလောက်သည်းခံပေါင်းနေတာ” ဘေးနားမှ ကျွန်တော်မိန်းမသူငယ်ချင်းများ၏ စကားသံများက ကျွန်တော်နားထဲသို့ဝင်တစ်ချက်မ၀င်တစ်ချက်။

ကျွန်တော်မျက်ရည်တွေ သားငယ်လေးပေါ်ကို စီးကျလာသည်။ အံကိုတင်းတင်းကြိတ်ပြီ နှုတ်ခမ်းအား တင်းတင်း ဖိကိုက်ထားခြင်းကြောင့်သွေးတစ်ချို့၏အရသာက ငန်ကျီကျီ။ မိန်းမက “ကိုသတိထားလေ။ ဖြစ်ချိန်တန်လို့ဖြစ် တယ်လို့ဘဲသဘောထားပါ။ ချက်ခြင်းအဖျားတက်ပြီး တန်းဆုံးသွားတာ။ ဘာကိုမှမပြစ်မြင်မနေပါနဲ့တော့” ကျွန် တော်ကို ထိုသို့သောနစ်သိမ့်စကားပြောနေသော်လည်း ကျွန်တော်မိန်းမ၏စကားသံက ရင်ကျိုးမတတ်။
ထိုအကြောင်းအရာများကို ဘယ်တော့မှမေ့လို့ရနိုင်မည်မဟုတ်။ 

သားငယ်လေးဆုံးပြီးနောက်ပိုင်း ကျွန်တော်စာ မြောက်များစွာပုံနိပ်ဖော်ပြခံရသည်။ထိုအတွက်ထိုက်တန်သောငွေကြေးကလည်းကလည်း အလိုက်သင့်ဝင်လာ သည်။ လုံးခြင်းများစွာကို လည်းထုတ်ဝေသူများမှ တစ်ဆင့်ထုတ်ဝေဖြစ်သည်။ ကျွန်တော်အားအရာရာနားလည် မူပေးသော ကျွန်တော်အိမ်သူသက်ထားဇနီးတွင်လည်းရွေတွဲလွဲ ငွေတွဲလွဲပြန်ဖြစ်လာသည်။ စာပေလောက တွင် အတန်ငယ်လူရည်လည်သော သူဖြစ်လာသည်။ ကျွန်တော်ငွေကြေးရဖို့အတွက်အချို့သော ကလောင် သစ်လေးများ၏ ကျေားရိုးများသာမက အွန်လို်င်းတွင်နာမည်ရသော ကလောင်ပျိုလေးများ၏ ဇတ်ကွက်များအား ဇတ်ညွန်းအဖြစ်ပြောင်းပြီး ပလိုဂျူဆာနှင့်ပေါင်းရိုတ်တတ်လာသည်။ 

စာပေကိုဂွင်ဆင်တတ်လာသည်။ ရေးသည်။ ကူးသည်။ သိက္ခာအနည်းငယ်ချိုတဲ့လာသည်။ ငွေကြေးအနည်း ငယ်အဆင်ပြေလာသည်။ ဖန်တီးမူ၏သီသန့်လိပ်ပြာလုံသောသိက္ခာတရားက ကျွန်တော်ထံမှဝေးရာသို့ ပြေး ထွက်သွားသည်။ လမ်းမဟုတ်သော လမ်းတစ်ခုအား သွေးသားတစ်ခုဆုံးရှုံးခြင်းမှ စာပေမာနနှင့်မြင့်မြတ်သော သိက္ခာကိုအရောင်ဆိုးမိသည်။ ကျွန်တော်ကြောင့် စာပေနယ်အားရိုးသာစွာကျောခိုင်းသွားသော ကလောင်နု့ လေးများကိုတွေးမိတိုင်း ကိုယ်စိတ်ကိုမလုံ။ အူမတောင့်မှ သီလစောင့်နိုင်မည်ဖြစ်သဖြင့် ဘာဆိုဘာကိုမှ ကျွန် တော်မတတ်နိုင်။ 

“ခြင်္သေဘယ်တော့မှ မြက်မစားဟူသော စကားလုံးနှင့် စာပေမာနတစ်ချို့က ကျွန်တော်နှလုံးသားမှဝေးရာအရပ်သို့ မည်သည့်အချိန် ကပြေးထွက်သွားခဲ့သည်ကိုမူ ကျွန်တော်မသိတော့။

ဇော်ညီညီ(နေပြည်တော်)

No comments:

Post a Comment