လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Monday, 26 May 2014

ကျားမာယာ အပိုင်း(၁)




“ဘာ။ ကာမဆန္ဒမပါဘဲ သုံးယောက်အတူတူနေမယ်။ ဟုတ်လားမောင်။ မောင့်စိတ်ဆန္ဒတွေ ခေတ်မဆန်လွန်းဘူးလား” 

ကျွန်မ မည်မျှအံသြစိတ်ဖြင့် စိတ်ဆိုးနေစေကာမူ မောင်ဆိုသည့်စကားလုံးကို သုံးမိနေ သေးသည်။ကျွန်မမောင့်အား အသဲနင့်အောင်ချစ်သဖြင့် အချို့သောကိစ္စများကို ထိုက်သင့်သလောက် သဘောထားကြီးပေးခဲ့သည်။ နောက်ဆုံး ကျွန်မ မဟုတ်သည့် တစ်ပါးသောမိန်းမဖြင့် ကွယ်ရာတွင် ဖောက်ပြန်နေခြင်းကိုပင် ကျွန်မအချိန်အတိုင်းတာတစ်ခုအား မောင့်ကိုယုံကြည်စိတ်ဖြင့် ခွင့်လွတ်ပေးခဲ့ဖူးသည်။
ယခုကာ လိုသည်ထက်ပိုသော အတင့်ရဲမူဖြင့် ကျွန်မ၏သီးခံနိုင်မူအား မောင်နှင့်သူမယားတို့ သွေးထိုး စမ်းလေပြီ။

မောင်နှင့်လက်မထက်မီက မောင့်အချစ်တွေကို ကျွန်မရခဲ့သည်။ ပိုင်ဆိုင်ခဲ့သည်။ အိမ် ထောင်၏ ပထမနေ့ရက်များသည် ကျွန်မဘ၀အတွက် သုခဘုံတစ်ခုအဖြစ် မောင့်အချစ်တွင်ပျော်ဝင်ခဲ့ သည်။ နှောင်းပိုင်း အိမ်ထောင်သက် ရက်မှလ၊ လမှနှစ်သို့ အလီလီပြောင်းသွားသောအချိန်တွင် ယောက်ျားဟူသော အမျိုးနွယ်၏ ဖောက်ပြားတတ်သော သဘောကိုလောကကြီးကကျွန်မအား သင်ခန်းစာပေး၏။ ထိုအကြောင်းအရာ၏ အဓိကတရာခံသည် သားသမီးမရခြင်းဟူသော စကားလုံးကကျွန်မနှင့် တိုက်ရိုက်ပတ်သက်လာခြင်းကြောင့်ပင်ဖြစ်သည်။


“ဟဲ့ ရွေကြာ နင့်ယောက်ျားကို တစ်ခြားကောင်မလေးနဲ့ တွေ့လိုက်တယ်” 

သူငယ်ချင်းအရင်း ခေါက်ခေါက်နှင့် ပတ်ဝန်းကျင်မှ စကားများကိုကြိမ်ဖန်များစွာကြာရနေစေကာမူ ကျွန်မမောင့်ကို သံသ ယအနည်းငယ်မှမဖြစ်မိ။ ကျွန်မမောင့်အချစ် မောင့်အကြင်နာ မောင့်အယုယတွင် ပျော်ဝင်ရှင်သန်နေမိဆဲပင်ဖြစ်သည်။မောင်က ကျွန်မကိုအရမ်းချစ်တာ၊ အရမ်းကြင်နာတာ၊ အရမ်းမြတ်နိုးတာ၊ စသည်ဖြင့် မောင့်ဘက်မှ ကာကွယ်ခဲ့သောစကားလုံးများသည် မောင့်အပြုမူ၏ မာယာများဖြစ်နေခြင်းကို ကျွန်မ ရိပ်မိသိရှိခြင်းမရှိခဲ့။

ကျွန်မအားမောင်အလွန်အကျွံယုယနေလျှက်ကပင် ဖောက်ပြန်ခြင်းအမူကို မောင်ပြုသည်။ ထိုအခါမှ ကျားတို့၏ မာယာသည် အလွန်ကြောက်ရွံဖွယ်ကောင်းမှန်းကျွန်မသိခွင့်ရသည်။ 

“မောင် သူများတွေ ပြောနေကြတယ်။ ဘာဘာညာညာဖြင့်ကျွန်မမေးလေသည့်အခါတိုင်း မောင်သည် ဘယ်သောအခါမှဝန်မခံဘဲ သူ၏ကျွမ်းကျင်လှသော အပြုမူတစ်ချို့ဖြင့်ကျွန်မ၏ စကားလုံး များကိုပျောက်ကွယ်သွားအောင် စွမ်းဆောင်တတ်သည်။ ထိုအရာသည်ကာ မိန်းမတစ်ယောက်၏ ယုံကြည်တတ်လွန်းသောအချစ်စိတ်၏ အပြစ်ပင်ဖြစ်သည်။
ကျွန်မ၏သားသမီးရတနာ မရရှိနိုင်ခြင်းအပေါ် မည်သည့်သဘေားထားမှတ်ချက်မှ မပေးဘဲ တိုက်ခိုက်ခြင်းမပြုခြင်းက ကျွန်မအတွက် စစ်မြေပြင်တစ်ခုဖြစ်မှန်းမသိဖြစ်နေ၏။

မောင်သည် သူ၏တိုက်ကွက်အားထိုးစစ်အဖြစ်အသုံးချရန် နောက်သို့တစ်လှမ်းဆုတ်ထားခဲ့သည်။ ပတ်ဝန်းကျင်အသိုင်းဝိုင်း တွင် လူပြောသူပြောများလာမှ ကျွန်မစုံစမ်းမိသောအချိန်တွင် ကျွန်မပိုင်ဆိုင်ထားသော အကြင်နာ တရာများကို စုတ်ယူအသုံးချနေသော အမျိုးသမီးတစ်ယောက်ရှိမှန်းသိခွင့်ရသည်။ ထိုအရာသည် ပူလောင်လွန်းလှသည်။ ထိုသို့သောခံစားချက်ဖြင့် နှလုံးအိမ်အားလောင်မြိုက်ခြင်းသည် လောကငရဲပင် ဖြစ်သည်။

“ညည်းနယ်အေ။ ရုပ်ကလေးမှအားမနာ သူများလင်ကို ကြောင်တောင်နိုက်တာ ကောင်းတဲ့ အလုပ်မဟုတ်ပါဘူုး” 

ကျွန်မျက်နာကို သေချာပြုံးပြီးပြောလိုက်နှင့် သူမကကျွန်မကို အံသြစွာကြည့် သည်။ ကျွန်မနုတ်ဖျားမှ မိန်းမချင်းကိုယ်ချင်းမစာနာသော စကားလုံးများက မစာမနာထွက်လာသည်။ ထိုသို့သောစကားများသည် မောင့်အချစ်ပေါ် သ၀န်တိုတတ်သောစိတ်ကြောင့်ဖြစ်ခြင်းကိုမူ ရှင်းပြရန် မလိုလောက်ပေ။ မိမိ၏ အပူမီးကြောင့် မည်သူကိုမှ ကိုယ်ချင်းစာစိတ်မရှိ။ ကျွန်မကိုမောင် ယုယသလို၊ ကျွန်မကိုမောင် မြတ်နိုးခဲ့သလို၊ ကျွန်မကိုမောင် ---------- စသည့် အတွေးပေါင်းစုံက စိတ်၏အတွင်း သို့ဝင်ရောက်လာသောအခါ အသံစုံသော ဘီလူးဆိုင်းတို့သည် ကျွန်မအတွက် အကွက်ဆန်းကိုကစေတော့သည်။

“ ကြောင်တောင်နိုက်တာမဟုတ်ပါဘူးရှင်ရယ်။ ဘယ်နယ်သူများသားသမီးကိုအိမ်ပေါ်ထိ တက်ပြီးစော်ကားနေရတာလဲ၊ ရှင်လို အမြုံမတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မောင့်ဘ၀ကိုစာနာလို့ ကျွန်မမောင့်အချစ်ကိုလက်ခံလိုက်တာ” 

သူမထံမှ အမြုံမဆိုသည့်စကားသံကိုကြားလိုက်ရသည်နှင့် မောင်နှင့်သူမ၏ ပတ်သတ်မူကို ကျွန်မသေချာသိလိုက်ပြီဖြစ်သည်။ “ ရှင်မပေးနိုင်တဲ့ သာယာခြင်းတွေ ပျော်ရွင်ခြင်းတွေ ဘ၀ရဲအနစ်သာရပြည့်ဝတဲ့ သားသမီးတွေ ကျွန်မဖန်တီးပေးနိုင်တယ်လေ။ အိမ်ထောင်ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ပုန်းလျှိုးကွယ်လျှိုးဖောက်ပြန်နေတာမှမဟုတ်တာ။ စောင့်ထိန်း သင့်တာကိုနားလည်ပေမဲ့ ကျွန်မလဲမောင့်ကိုချစ်လို့ ကိုယ်ဘ၀တစ်ခုလုံးကို မောင့်ပျော်ရွင်မူအတွက် လှေခါးတစ်ခုလို အသုံးချခံလိုက်တာ”

သက်သေခိုင်ခိုင်မာမာဖြင့် သူမကမောင့်ကို ချစ်ကြောင်းကိုဖော်ထုတ်ပြနေလေပြီ။

“ အမှန်ဆိုရှင်က ကျွန်မကိုဂုဏ်ပြုရအုံးမှာ မကြာ”။ 

ကျွန်မ သူမစကားကြောင့် အသားများတဆတ် ဆတ်တုန်သည်အထိ စိတ်တိုမိသည်။ စော်ကားလိုက်တာ။ ကာမပိုင်ရှိတဲ့ လင်ယောက်ျားကို ကြောင် တောင်နိုက်ယုံအားမရဘဲ ကျွန်မကတောင်သူမကို ဂုဏ်ပြုရအုံးမယ်ဆိုပါလား။

“ ဘာတဲ့ငါကမင်းကို ကျေးဇူးတင်ပြီ ဂုဏ်ပြုရအုံးမယ်ဟုတ်လား။ လင်ခိုးမရဲ့” 

ကျွန်မ၏ လင်ခိုးမဆို သည့်အသုံးနုန်းကြောင့်သူမစိတ်ဆိုးသွားပုံရသည်။ ကျွန်မကိုစားမတတ်ဝါးမတတ်မျက်လုံးများဖြင့် ကြည့်သည်။ ခုချိန်တွင်မောင့်ကိုချစ်သည့်စိတ်ကြောင့် မည်သည့်ကိစ္စကိုဖြစ်စေ ပြုမူရန်ဝန်မလေးသော စိတ်နှင့်ခန္ဓာကိုယ် ပိုင်ဆိုင်နေသည်။ အချစ်သည်စွမ်းအားကြီးပြီး အချစ်ကိုတတ်မက်တပ်သောနှလုံးသား သည် စိတ်၏စေရာအတိုင်း ဆုံးဖြတ်ချက်ချရန်အဆင်သင့်ဖြစ်နေပြန်သည်။

အမှန်တော့ကျွန်မသည် ကျွန်မသူငယ်ချင်းတစ်ချို့၏ကူညီပေးမူဖြင့် မောင်သူမအတွက်ဝယ်ပေးထား သောတိုက်ခန်းသို့ ပြေလည်ချင်းအလို့ ဌာရောက်လာခြင်းဖြစ်သည်။ သိုသော် တိုက်ခန်းတွင် အလှချိတ် ထားသော မောင်နှင့်သူမ၏ မင်္ဂလာဆောင်ပုံဏ္ဍန်ဓါတ်ပုံသည် ကျွန်မအတွက်သီးခံနိုင်စွမ်းတို့အား လုံးဝနတ္ထိဖြစ်အောင် ယူဆောင်သွားသည်။ တစ်ပါးသူစကားတွင် ကျွန်မသီးခံနိုင်မည်ထင်သော အရာ များသည်လက်တွေ့နှင့်ကွာခြားလွန်းလှသည်။ တိုက်ခန်းသို့ဝင်စဉ်က ပြေလည်စွာလူသံမကြားအောင် စာနာစွာပြောမည်ဟုတွေးပြီး တံခါးဂျက်ကိုပင် ကျွန်မသေချာစွာပိတ်ထားခဲ့သည်။ 

ခုတော့ထိုသို့ ဂျက်ထိုးထားသော တိုက်ခန်းသည် ကျွန်မနှင့်မောင်၏ချစ်သူတို့အတွက် လင်လုခြင်း စစ်ပွဲအတွက် သလင်းစစ် စစ်ဖြစ်လေပြီ။ ကျွန်မဆံပင်ကိုသေသပ်စွာပြန်ထုံးလိုက်သည်။ ပြီးနောက် လုံချဉ်ကို အနည်းငယ်တင်ရင်းအောင်ပြန်ပြင်ဝတ်သည်။ မောင်ကျွန်မကိုမင်္ဂလာဦးအမှတ်တရ၀ယ် ထားပေသော ရွေထည်လက်ကောက်နှစ်ကွင်းကို အသာချွတ်ပြီးအိတ်ထဲသို့ထည့်လိုက်သည်။ မည် သည့်ကိစ္စကြောင့်ဖြစ်စေ မောင်ဝယ်ပေးသောပစ္စည်များကိုပွန်းပဲ တွန့်လိမ်သွားခြင်းကိုမဖြစ်စေလို။

ကျွန်မ၏လုပ်ရှားမူအားလုံးကို သူမကလဲမျက်တောင်မခတ်ဘဲကြည့်သည်။ မည်သို့ပင်ဆိုစေကာမူ မြွေ မြွေခြင်း ခြေမြင်လေပြီ။ သူမသည်လဲ တံတွေးတစ်ချက်ကိုခပ်တင်းတင်းမျိုချပြီ ကျွန်မ၏မျက်လုံးများသို့ ပြုံးမြမြဖြင့်စိန်ခေါ်လေသည်။ သူမနှင့်ကျွန်မ မကြာမီအချိန်အတွင်း လုံးထွေးသတ်ပုတ်ရန်အတွက် အခြေနေအားလုံးက အဆင်သင့်ဖြစ်နေ၏။
ကျွန်မသူမနားသို့ တဖြေးဖြေး အပြုံးလေးဖြင့်ကပ်သွားသည်။ 

ကျွန်မ၏ခြေလှမ်းများကိုလဲ သူမက အသင့်အနေထားဖြင့်စောင့်ကြိုနေသည်။ မိန်းမနှစ်ယောက်၏ ရန်ပွဲတွင် ဆံပင်သည်အခရာဖြစ်မှန်း ကျွန်မသိသည်။ ဆံပင်ကို ထိန်းချုပ်ခံလိုက်ရလျှင် ထိုရန်ပွဲရှိ ထိန်းချုပ်ခံအမျိုးသမီးသည် သေချာပေါက် ရှုံးရန် သေချာနေသည်။ ထိုကြောင့်ကျွန်မဆံထုံးကိုသေချာပြင်လိုက်ခြင်းဖြစ်သည်။ သူမရှေ့ရောက် သည်နှင့် ကျွန်မဗြုန်းဆိုသူမကိုစောင့်တွန်းလိုက်သည်။ 
ကျွန်မထင်သည့်အတိုင်းပင် သူမကကျွန်မဆံပင်ကိုလှမ်းကိုင်သည်။ သေချာပေါက် ဒါမျိုးလုပ်လာနိုင်သည်ဟုတွေးမိသဖြင့် ရှောင်လိုက်နိုင်၍ တော်သေးသည်။

ဧည့်ခန်းတစ်ခုလုံးသည် ကျွန်မတို့နှစ်ယောက်လုံးထွေးသတ်ပုတ်ခြင်းဖြင့် ပွစိခတ်ကုန်ပြီ။ နှစ်ယောက်စလုံးကလဲ အရွယ်တူ ဆိုက်တူဂိုက်တူ အားတူမာန်တူဖြစ်သည့်အတွက် သူမသာကိုယ်မသာပင်ဖြစ်နေသည်။

ကျွန်မ၏လက်ချက်ကြောင့်သူမ၏ တစ်ချို့တစ်ဝက်သော အကျီအ၀တ်စားများ ဆုတ်ပြဲခြင်းကို ရောက်သကဲ့သို့ သူမ၏ လုပ်ဆောင်ချက်ဖြင့်လဲ ကျွန်မသည်လုံချည်ဖြင့်ကင်းကွာခြင်းအဖြစ်သို့ရောက် သည်။ နှစ်ဦးစလုံးသည် မောရကောင်းမှန်းလဲမသိသလို ပန်းရမည်မှန်းလဲမသိ။ အချစ်တဏှာကိလေသာ၏ လောင်မြိုတ်တတ်ခြင်းသည် အမုန်ပွားခြင်းကိုကြီးထွားစေသည်။ ခုချိန်တွင် အရှက်ဆိုခြင်းကလဲ နတ္ထိ။ ကျွန်မမျက်လုံးထဲတွင် ခုလိုပွဲမျိုးလေးမှမနိုင်လျှင်ကျွန်မသည် မယားကြီးဟူသည့် မာနတရားကလွမ်းမိုးနေသည်။

တစ်စတစ်စဖြင့် ကျွန်မနုတ်ဖျားမှ ကြမ်းတမ်းသောစကာလုံးများက အဆက်မပြတ်ထွက်လာသည်။ အပြုမူကြမ်း အပြောကြမ်းဖြင့် ဖြစ်ပွာသောရန်ပွဲသည် မောင့်၏အချစ်အတွက်တိုက်ပွဲဖြစ်ကြောင်းကို သိလေလေ ပိုမိုစိုးရွားကြမ်းတမ်းလာလေလေဖြစ်နေသည်။ ကျွန်မစကားများနှင့်ထပ်တူ သူမသည်လဲ အပုတ်နံသင်းသောစကားလုံးရွရွလေးများကို ကျွန်မနှင့်လုံးထွေးရင်း အဆက်မပြတ်ပြောနေသည်။


မယားကြီးက အငယ်ကိုအနိုင်ပေးပြီးပြန်ရမည်ဆိုလျှင် ခေတ်အဆက်ဆက်မှ အကြီးတို့၏ရာဇ၀င်ရိုင်းလိမ့် မည်။ကံကောင်းစေမည်လား။ ကံဆိုးစေမည်လားမသိသော ကံကြမ္မာက ကျွန်မအတွက်ဖြစ်လာ သည်။ တစ်ယောက်တစ်ပြန်စီလုံးနေသောအချိန်မှ ကျွန်မ သူမကိုအနိုင်ရလာသည်။ နောက်ဆုံး သူမ မည်သို့မှ မလုပ်နိုင်အောင် အပေါ်မှချုပ်ကိုင်လိုက်သောအချိန်တွင် မောင့်မျက်နာ မောင့်အပြုံးများအား အပိုင်သိမ်းမည့်ကောင်မ ဟူသောအတွေးဆိုးများက တဖွားဖွားပေါ်လာသည်။

ထိုနောက်မောင်နှင့်သူမ၏ ပျော်ရွင်ကြည်နူးနေမည့် အိမ်ထောင်ရေးမြင်ကွင်းများကို မျက်စိထဲသို့ ၀င်ရောက်လာသောအချိန်တွင် ကျွန်မနှလုံးသားသည် ကြင်နာမူကင်းမဲ့စွာ စားပွဲပေါ်မှကျနေသော ပန်းအိုးအကွဲကို ကိုင်မိလျှက်သားဖြစ်နေသည်။ မောင်နှင့်ကြည်စယ်နေသော ခိုးခိုးခစ်ခစ်အသံများကို တွေးမိလိုက်သောအခါတွင် နှလုံးသားမှသ၀န်တိုမူအား နာကျင်ခြင်းအဖြစ်သို့ပြောင်း၍ သူမ၏ ဦးခေါင်းသို့ အားထည့်ပြီးလွဲရိုက်လိုက်သည့်အချိန်တွင် ×××××××

ဇော်ညီညီ(နေပြည်တော်)

No comments:

Post a Comment