“ကျွန်မရှင့်ကို အာရုံမလာတော့ဘူး” ကျွန်တော်ချစ်သူ ဧကရီခမ်းစကားတစ်ခွန်းကြောင့် ဒီနေ့လိုကိစ္စတွေဖြစ်ပျက်လာတ
ယ်ဆိုယုံကြမလား။ အမှန်ဖြစ်ခဲ့ပါသည်။ ချစ်သူနဲလမ်းခွဲ၇ခြင်းဆိုသော ဒုက္ခသည်များစွာပူလောင်သော်လဲ ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် များစွာသောစိတ်လှုပ်ရှား ခြင်းကို ထင်ပေါ်အောင်တော့မပြချင်။သူမသည်ခေတ်ဆန်သလို အလှဂုဏ်မောက်မှန်းလဲသိသည်။သိုသော် သူမကိုမှစူစူးနစ်နစ်ချစ် မိသောကျွန်တော်သည် အရာတိုင်းတွင်သူမစိတ်တိုင်းကျနေပေးခဲ့ဖူးသည်။ သူငယ်ချင်းအပေါင်းအသင်းအပျော်အပါးစသည့် ကိစ္စများအားလုံးကိုသူမ၏ စကားတစ်ခွန်းနှင့်ပင် သံယောဇဉ်ဖြတ်ခဲ့သည်။ သို့သော်သူမသည်ကား ထိုသို့မဟုတ်။ ကျွန်တော်အား ပိတ်ပင်သောကိစ္စများအားလုံးကို သူမပြု၏။ နောက်ဆုံးတွင် ကျွန်တော့်အား အာရုံမလားတော့ပါဟုဆိုပြီး လမ်းခွဲခြင်းလမ်းစကို စလေသည်။
ထိုအရာသည်အချစ်၏ အစွန်းနှစ်ဖက်မှ တစ်စုံတစ်ရာဖြစ်လိမ့်မည်။ ထားရာနေပြီးသူမ၏ဆိုစ ကားအားလုံးကို ယောက်ျားတန်မဲ့ နားထောင်ခဲ့သော်လည်းး သူမကတော့ကျွန်တော်အားလမ်းခွဲတော့မည်။ ထိုအချိန်တွင် ယောက်ျားတစ်ယောက်၏ မာန်မာနနှင့် သည်းခံနိုင်စွမ်းများအားပြိုင်တော့သည်။ အကြောင်းပြချက်တစ်စုံတစ်ရာမ၇ှိဘဲ အာရုံမလာလို့လမ်းခွဲသည်ဆိုသောစကားသည် ကျွန်တော်အတွက်လုံးဝလက်သင့်မခံနိုင်သောကိစ္စပင်ဖြစ်သည်။
ခုသူမကျွန်တော်ရှေ့တွင်ရောက်နေသည်။
သူမနုတ်ဖျားမှစကားများသည်ကျွန်တော်အတွက် သာယာပျော်ရွင်ဖွယ်တွေ ဆောင်ကျဉ်းမပေးနိုင်သည်ကတော့သေချာသည်။
“လမ်းခွဲကြစို့ ကိုဇော်ဘုန်းခန့် ။ ကျွန်မရှင့်ကိုအာရုံမလာတော့တဲ့အပြင် ရှင်ကိုချစ်ခဲ့မိတယ်ဆို တာကလဲ ကျွန်မအတွက်ခုမသေချာတော့ဘူး။ ကျွန်မက ယောက်ျားတွေရဲ့အချစ်ကို မယုံကြည်ဘူးရှင့်။ ကျွန်မစကားတွေက ရှင်အတွက်တော့ နာကျင်ကောင်းနာကျင်လိမ့်မယ်။ ဒါပေမဲ့ ဒီပွဲမှာကျွန်မမှန်တယ်။ ဘာကြောင့်ဘဲဖြစ်ဖြစ် အချစ်ကြီးသူကရှုံးတယ်”
သူမ၏ခပ်ဖွဖွနုတ်ခမ်းမှစကာလုံးများက ကျွန်တော့်နှလုံးသားကိုအေးဆေးရက်စက်စွာသတ် နေသောသားသတ်သမား၏ ဓါးသွားနှင့်တူသည်။ ချစ်နေသော်လဲ မိန်းမတစ်ယောက်က လမ်းခွဲကြပါစို့ သည်စကားနှင့်ပြိုင်ဆိုင်ပြီးကျွန်တော်ဘာစကားမှ မပြောလို။ အရာအားလုံးကို သူမစကားအတိုင်းဖြစ် စေရမည်။ သို့သော်ဒီတိုင်းတော့မဟုတ်။ မြင့်မြတ်သောနှလုံးသားနှင့်ထိုက်တန်သောဆုတစ်ခုခုတော့ သူမအတွက်အမှတ်တရပေးမှဖြစ်သည်။
“ ဟုတ်ပြီး မင်းကိုယ်ကိုလမ်းခွဲမယ်။ အကြောင်းပြချက်ကလဲသိပ်မသေချာဘူး။ ကိုယ်မင်းကို ရိုးသားစွာချစ်ခဲ့တယ်ဆိုတာလဲမင်းသိတယ်။ဒီတော့အချစ်တစ်ခုအတွက် တန်ကြေးတစ်ခုတော့ မင်းဆီ ကရမှဖြစ်မှာပေါ့။ ဟုတ်တယ်နော် ဧကရီခမ်း။ ဒီတော့ မင်းကိုယ်ကို အဲစကာလေးမျက်လုံးကိုသေချာ ကြည့်ပြီးထပ်ပြောပေး” ကျွန်တော်သူမကို သေချာစိုက်ကြည့်ပြီပြောလိုက်သည်နှင့်သူမက ကျွန်တော် မျက်ဝန်းများကိုသေချာစိုက်ကြည့်ပြီး ခြေတစ်လှမ်းတိုးလာသည်။
သူမ၏ဆံနွယ်များမှရသောရနံတစ်ချို့ကကျွန်တော်နာခေါင်းထဲသို့ဖြတ်ပြေးသွားသည်။ ဒီဆံနွယ်လေးတွေနှင့်မကြာမှီဝေးရတော့မည်။ ဒီရင်ခွင် ဒီစကား ဒီအပြုံးတွေက ကိုယ်မဟုတ်သော တစ်ခြားတစ်ယောက်အတွက် ဖြစ်ပေတော့မည်။ သူမကျွန်တော်ရှေ့ရောက်နေမှ ခြေထောက်ကိုအသာ သိမ်းပြီး ကျွန်တော်ဘေးနာသို့ကပ်လာသည်။ ခပ်ဟော့ဟော့ ကိုယ်သင်းနံတွေကရင်ခွင်ကိုပိုဆူလောင် လာစေသည်။ မိန်းမတစ်ယောက်၏ ဆွဲအားပြင်းသော အချစ်သည်ပုရိသများအတွက်ထိုသို့တည်း။
ထိုနောက်သူမက ကျွန်တော်နားရွက်နားသို့အသာတိုးကပ်လာပြီး “ ကျွန်မရှင့်ကိုအားရုံမလာ တော့ဘူး။ အဲတော့လမ်းခွဲကြစို့” သွားနှစ်ခုကိုတင်းတင်းစေ့ပြီး မိန်းမ မဆန်သော ခပ်ဟဟအသံဖြင့် ပြောလေသည်။ သူမ၏ သေချာစွာဆုံးဖြတ်ထားသော စကား၏ ကျွန်တော်ရင်အားထိခိုက်စေခြင်း အနည်းငယ်သွေးပျက်စေသည်တော့သေချာသည်။ သို့သော် ယောက်ျားဘဲ။ ဟန်မပျက်မာန်မပျက် ဖြစ်ရမည်လေ။ မချစ်တော့သောချစ်သူကို အဘယ်အတွက်ကြောင့် မျက်နာချိုသွေးနေမည်နည်း။သန့် စင်ခြင်းနှင့် မထိုက်တန်သောမိန်းမအတွက် အမှတ်တရ နာကျင်ခြင်းကိုဖြစ်စေမည့် အမှတ်တရတစ်ချို့ ကိုတော့ လက်ဆောင်ပေးမှဖြစ်မည်။
သူမစကားဆုံးသည်နှင့်သူမကို ကျွန်တော်နှင့်မျက်နာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်သည်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ပေါ် သိက္ခာရှိရှိချစ် သက်ထက်ဆုံးမြတ်နိုးပြီး ဘယ်အကြောင်းအရာနဲ့မှ မဖောက်ပြန်ဖူးဘူးဆိုရင် ကိုယ်ကိုပြ။ အဲအမျိုးသမီးရှေ့မှာဒူးထောက်ပြီး ကိုယ်မင်းကို ချစ်စကားပြောမယ်။လောကမှာ မာယာအများဆုံးဖြစ်တဲ့ မိန်းမတစ်ယောက်ကိုတော့ ကိုယ်ခုချိန်ထိဒူးထောက်ဖို့စိတ်ကူးမရှိသေးဘူး”။
ကျွန်တော်ပြောစကားဆုံးသည်နှင့်သူမ အသားတွေတုန်ပြီး ပါးနှစ်ဖက်သည်နီရဲခြင်းသို့ရောက်လေ၏။ ထိုနောက်သူမ၏ လက်တစ်ဖက်သည်လဲ ကျွန်တော်အတွက် ကဗျာမဆန်စွာပါးပြင်တစ်ဖက်သို့ဆင်း တက်လာသည်။ “ ဖြောင်း” ဆိုပြီးလှည့်ထွက်သွားသောပါးပြင်နှင့်အတူ သူမ၏ “ကိုယ်တိုင်က ရှုပ်ပွေဖိုကြိုးစားနေပြီး သူတစ်ပါးကို သန့်စင်ပါလို့ပြောတာလာက် မုန်းတာမရှိဘူး။ မောင်ကိုယ်တိုင် သန့်စင်ခဲ့ပါတယ်လို့ သစ္စာဆိုဝံ့သလား။ အာမခံနိုင်တယ်ဆို ကျွန်မလဲ ရှင့်လိုယောက်ျားကို ဒူးထောက်လိုက်မယ်” ဆိုသည့်စကာသံက နားထဲသို့ တိုးဝင်လာသည်။
ကျွန်တော်မည်သည့်အမှားမှမလုပ်ထားသည်မှာသေချာသည်။ သူမ၏ အရိုင်းဆန်သော အပြု အမူမျိုးကိုကျွန်တော်လုံးဝလက်မခံနိုင်။ သူမလက်ချက်ကြောင့်လှည့်ထွက်သွားသော မျက်နာကို အဆင်ပြေအောင်ပြန်ထိန်းပြီ “ ယောက်ျားတွေကို အချစ်ဆရာမကြီးဒီဇိုင်းနဲပညာပေးချင်တဲ့ မင်းအတွက်လဲ တန်ပြန်တော့ရှိရမှာပေါ့။ ယောက်ျားလေးတွ ပါးဆိုတာနမ်းဖို့ကွ ။ ခုလိုရက်ရက်စက်စက်ရိုက်ဖို့မဟုတ်ဘူး။ ဒီလိုရိုက်ရင်လဲ ဒီလိုငြိမ်ခံနေတယ်ဆိုတာ ငါရာဇ၀င်မှာမရှိဘူး”
ကျွန်တော်ပြောပြီ သူမ၏ပါးပြင်တစ်ဖက်ကိုတန်ပြန်ရိုက်လိုက်သည်။ ဒါက ငါအချစ်ကိုစော်ကား ပြီး အာရုံမလာတော့ဘူးဆိုတဲ့အတွက်။ ရော့ ဒီတစ်ချက်က ကိုယ့်အပေါ်ကောင်းနေတဲ့ ယောက်ျားတစ် ယောက်တစ်ကို ပညာပေးလိုတဲ့မင်းရဲ စိတ်ကိုနာကျင်စေဖို့” ကျွန်တော်၏ နှစ်ချက်မြောက်ရိုက်ချက်တွင် သူမမျက်ရည်များကျဆင်းလာသည်။ သို့သော်သူမ၏ မျက်လုံးများက လုံးဝမငို။
“ကဲပြီးပြီးနော်။ ရှင်လဲကျွန်မကိုလက်စားချေပြီသွားပြီ။
ရှင်နဲ့ကျွန်မဇါတ်လမ်းဒီတင်ပြီးပြီ။ ဒါပေမဲ့ ကျွန်မကြောင့် ရှင် မိန်းမတွေကို မချစ်ရဲလောက်အောင်တော့ သတ္တိမနည်းသွားပါဘူးနော်။ ဒါဟာရှင် ကျွန်မညီမကို ရက်ရက်စက်စက်အသဲခွဲ ခဲ့တဲ့အတွက် သင်ခန်းစာဘဲ” သူမပြောပြီး စလင်းဘတ်အိပ် ထဲမှ ပုံတစ်ပုံကို ကျွန်တော်ကို မြက်ခင်းပေါ်ချပေးသွားသည်။ သူမ၏ ခပ်ကြွကြွ ဒေါက်ဖိနပ်များ၏ ဦးတည်ရာသို့ ကျွန်တော်နှလုံးသားတစ်ခုပါသွားမည်ထင်သည်။
သူမထွက်သွားမှ ကျွန်တော်ပုံလေးကိုယူကြည့်မိသည်။ ညီမလေး ပါလား။ လွန်ခဲ့သောနှစ် ငါးနှစ်ကျော်က ကျွန်တော်ကိုတမ်းတမ်းစွဲချစ်ခဲ့သောညီမလေး။ သူမနှင့် သူမမည်သို့ ပတ်သက်သနည်း။ ဧကရီခမ်း၏ ကျွန်မညီမအတွက် ဆိုသည့်စကားလုံးကိုကြည့်လျှင်သူမသည် ဧကရီ ခမ်း၏ ညီမလေးများလာ။ ကျွန်တော်အတွေးတို့ဖြင့် ချာလပတ်ရမ်းနေပြီ။
ကျွန်တော်နောက်ဆုံးနှစ်က ထိုကောင်မလေးကျွန်တော်နောက်သို့တကောက်ကောက်လိုက်ပြီး ပတ်သက်ဖူးသည်။ အချစ်သည်အလွန်ဆန်းကြယ်သည်။ မလိုအပ်သည့်အချိန်တွင် မည်သူကမည်မျှ သန့်စင်သောအချစ်ကိုပေးနေစေကာမူအသုံးမပြုလို။ကျွန်တော်သည် ဥပက္ခာတရားများဖြင့်သူမအား ဆက်ဆံသည်ဟုဆိုကား သူမ၏ဒိုင်ယာရီများကသက်သေပြုသည်ဟု ကောင်မလေး၏အသိုင်းဝိုင်းမှ သိရသည်။
ဧကရီသည်လဲ ထိုသို့သိရှိသွားပုံရသည်။ ညီမလေးတစ်ယောက်လိုဘဲ ချစ်ပါသည်ဟု ပြောကြားလိုက်သော ကျွန်တော်စကားလုံးသည်သူမဘ၀အတွက် လွန်စွာခါးသက်ပြီး အချစ်ကြီးသူအတွက် ဘ၀ပျက်လောက်စရာအထိဖြစ်လောက်မည်ကိုကျွန်တော်မသိခဲ့။
ကျွန်တော်ဆန့်ကျင်စကားကြောင့် သူမအားချစ်သည်ဟုပြောသော မည်သည့်ယောက်ျားနှင့်မ ဆိုသူမတွဲသည်။ နောက်ဆုံးတွင် မိန်းမကောင်းတစ်ယောက်ရှိမနေသင့်သောနေရာများတွင်သူမ၏ အပေါင်းသင်များဖြင့်နေတတ်တော့သည်။ ထိုသို့ဖြင့်ကျွန်တော်သည် ကိုယ်တိုင်မစိုက်ပျိုးဘဲပွင့်သော အသီးတို့၏ ဖန်တီးသူဖြစ်လာသည်။ မည်မျှမာန်တင်းနေစေကာမူ ချစ်တတ်သောနှလုံးသားတစ်စုံတော့ ဧကရီခမ်းထံ ပါသွားလေသည်။
ကျွန်တော်၏အပြန်လမ်းသည် အလွမ်းအဆွေးများဖြင့်ပြည့်နက်နေသလို အချစ်၏ခွန်းတုန့်ပြန် တတ်သောသဘေားတရားကိုလဲ သဘောပေါက်မိသည်။ မိန်းမတို့သည်သူတို့၏ တန်ဖိုးကြီးသော အချစ်ကို တစ်ခါတရံတွင်လွယ်ကူစွာပေးတတ်သလို တစ်ခါတရံတွင်လဲ ထူးဆန်းစွာပြန်နုတ်ယူတတ် သည်။ သင်ခန်စာပေးသွားသော ဧက၇ီခမ်းအချစ်နှင့်လုံးလုံးမသက်ဆိုင်သောစကားများသည် နှလုံးသား တစ်ခုလုံးကို မီးတောက်စေသည်။ နောက်ဆုံး ကျွန်တော်သူမကို လွမ်းလွန်းသဖြင့် မက်စေ့တစ်ဆောင် ပို့ဖြစ်သည်။
“မင်းထမင်းမစားနိုင်ရင်ဆန်ပြုတ်သောက်ပါ”
နောက်ဆုံးကျွန်တော်အထီးကျန်သည်။ လွမ်းသည်ဆွေးသည်။သို့သော် တစ်ကိုတည်းလူပျိုကြီးအဖြစ် သာနေထိုင်လိုသည်။ မီးကဲသို့ဝါးမျို ပူလောင်တတ်သော မိန်းမတို့၏အချစ်အား ဧကရီခမ်းတစ်ယောက်ထံမှ ပေးသောအချစ်တို့ဖြင့်လုံလောက်သွားသည်။ ဘ၀ကိုအချစ်မဲ့စွာဖြတ်သန်းဖို့ နှလုံးသား၏အလိုဆန္ဒကိုထိန်းချုပ် လိုက်သည်။ ထိုသို့ဖြင့်ဘ၀တစ်ခုလုံးသည် လွမ်းဆွတ်ခြင်းဖြင့်နေသားကျလာတော့သည်။
ခုဆိုကျွန်တော်လဲ လူပျိုကြီးဘ၀ဖြင့်နေထိုင်သည်မှာ အသက်လေးဆယ်ကျော်ပြီ။ ဆယ်ကျော် သက်လူငယ်လေးများထံမှ ကြားကြားနေရသည့် "မင်းစော်ကိုမလွမ်းဘူးလာ" ဆိုသည့်စကားသံကိုကြား ရလေတိုင်း တစ်ချိန်တစ်ခါက လွမ်းလွန်းသဖြင့် ဧကရီခမ်းထံ ပို့ဖြစ်ခဲ့သော စကားစုလေးကိုသတိရပြီး ပြုံးမိပါတော့သည်။
ဇော်ညီညီ(နေပြည်တော်)
No comments:
Post a Comment