မျက်လုံးအစုံ၏ စူးရှမူအောက်တွင် အငွေ့ပျံသွားချင်မိသည်။ မျက်ဝန်း၏စွမ်းအားပြင်းသော ညှို့အားတစ် ခုသည်ကျွန်တော်ရင်ဘတ်အတွင်းသို့ဖောက်ဝင်၍ နလုံးသားရှိ ခံစားချက်သို့ရောက်လေ၏။ ကျွန်တော်ဘေး တွင် ကျွန်တော်၏ချစ်လှစွာသော ချစ်သူပိုးလေးက သေသပ်စွာထိုင်နေသည်။
“ လုံးဝသဘောမတူနိုင်ဘူး။ မင်းပြန်လို့ရပြီကောင်လေး။ အန်တီလိုချင်တာ သန့်စင်တဲ့သားသမက်။ ညစ်နွမ်းနေတဲ့ မင်းလိုလူမဟုတ်ဘူး ” ထိုအမျိုးသမီး ဘာကိုဆိုလိုသည်ကိုကျွန်တော်သိသည်။ ပြောင်းလဲသွား သောအခြေနေကြောင့် ပိုးလေးကျွန်တော်လက်ကိုတင်းကျပ်စွာလာကိုင်သည်။ ဒီအချိန်တွင် ကျွန်တော်အတွက် ဖြေစရာစကာလုံးမရှိသလို အကြောင်းပြချက်လည်းဖွင့်ဆိုမပြနိုင်။
အမှန်ဆိုပိုးလေးသည် မိဘမဲ့ဖြစ်ပြီး အဒေါ်မုဆိုးမတစ်ယောက်၏ထိန်းကျောင်းမူဖြင့်ကြီးပြင်းလာသူဖြစ် သည်။ ရိုးသားအေးဆေးလွန်ပြီ သိမ်မွေ့နိုင်အောင်ထိန်းသိမ်းနိုင်သည်။ ထိုမျှစည်ကမ်းကြီးပြီး မာနပြင်းသော ထိုအမျိုးသမီးသည် သူမ၏တူမအားချစ်သောစိတ်ဖြင့် ကျွန်တော်ကိုလက်ခံတွေ့ဆုံဖို့ အကြောင်းပြန်ခဲ့သည်။ ဒေါ်မူယာဟုခေါ်သော အမျိုးသမီးသည် လူဝင်ဆန့်နိုင်သောရုပ်ရည်ငွေကြေးကိုပိုင်ဆိုင်ထားပြန်သည်။
သူမတွင်လက်ညိုးထိုးမလွဲသောစ
ီးပွားရေးကိုပိုင်ဆိုင်ထာြး
ပီး ခေတ်ဆန်လှသော အသိုင်းဝိုင်း၏ ယဉ်ကျေးမူတွင်လည်း သူမ၏မိတ်ဆွေများစွာနှင့်သို
င်းဝိုင်းစွာနေတတ်သည်။ ထိုသို့ထက်မြတ်မူများသည် ကျွန်တော်ဘ၀၏ အတိတ်အစိတ်ပိုင်းတစ်ချို့နှ
င့်တိုက်ရိုက်အချိုးကြနေ၏။ ပိုးလေးအဒေါ်၏ ငြင်းဆန်မူက ကျွန်တော်အတွက်ကြေကွဲ မူကိုလက်ဆောင်ပေးသည်။ ပိုးလေကို သေချာရှင်းပြလျှင်လည်း ကျွန်တော်အတိတ်၏ ဘ၀တစိတ်တစ် ပိုင်းကို ဧကံမုချ ချပြရပေတော့မည်။
ကျွန်တော်သည် နယ်တစ်ခုမှအလုပ်လာလုပ်သော လူငယ်သက်သက်သာဖြစ်သည်။ ကျွန်တော်၏ ချောမောသောရုပ်ရည်၊ ဖြူဖွေးသောအသာအရည်က ကျွန်တော်လမ်းမှားတစ်ခုပေါ်ေ
ရာက်စေသော အဓိက အကြောင်းအရာပင်ဖြစ်သည်။နယ်ရ
ှိမိဘများကိုလည်း အပူမကပ်ချင်သဖြင့် ကျွန်တော်သည် သူငယ်ချင်းတစ် ယောက်၏ စိတ်ဝင်စားဖွယ်ဝင်ငွေကြမ်းမ
ူကို ရိုးသားစွာလေ့လာမိသည်။
အခြေခံဝန်ထမ်းလစာ တစ်လတစ်သိန်းကျော်ရသော အချိန်တွင် သူရ သုံးစွဲနေသော ငွေကြေး များသည် ကျွန်တော်အတွက်များစွာစိတ်ဝ
င်စားဖွယ်ဖြစ်နေသည်။ထိုအကြေ
ာင်းအရာများကြောင့် ယနေ့ကိစ္စလို အဖြစ်မျိုး ကြုံတွေ့နိုင်သည်ကို ကျွန်တော်ထိုအချိန်တုန်းက လုံးမစဉ်းစားမိခဲ့ပေ။
“ သားကြီး မတွေ့တာကြာပြီ ငါနဲ့ဘီယာသောက်ရအောင် ရွေကျားကိုလာခဲ့ ” မက်ဆေ့မြင်လိုက်သည်နှင့် သူရ ထံမှဖြစ်ကြောင်းကိုသိသည်။ “ အေးညနေပိုင်း ၇ နာရီလောက်လာမယ် ” အကြောင်းပြန်ပြီးနောက် ရေမိုးချိုးသည်။
ဆိုင်ကိုရောက်တယ်ဆိုရင်ဘဲ သူရ မျက်လုံးများသည် ကျွန်တော်ထံသို့စူးရှစွာရော
က်လာပြန်သည်။ “ ဟာမင်းမတွေ့တဲ့ အချိန်လေးမှာတော်တော်သန့်လာ
တာဘဲ။ ကဲဘယ်လိုလဲ အလုပ်အဆင်ပြေလား။ ဘာစားမလဲ ဘာသောက်မလဲ။ ကျွန်တော်စားပွဲကိုတစ်ချက်ေ
ဝ့ ကြည့်လိုက်သည်။ စားပွဲတွင်တင်ထားသော ပိုတ်ဆံအိတ်သည် အစိမ်းနု့ရောင်ဖြင့် တလက်လက်တောက် ပနေပြီး ထိုတောက်ပမူအား ဂုဏ်ရှိန်တင်ပေးသော Iphone 5 ဆိုသောအရာတစ်ခုကိုလည်း တွေ့လိုက်သည်။
သာမာန်ဘွဲ့ရ ၀န်ထမ်းတစ်ယောက်အနေ့ဖြင့် မည်သို့မျှမဖြစ်နိုင်သောအနေ
အထား။ ထိုသို့ပြောရခြင်း ကလည်းအကြောင်းရှိသည်။ တစ်နယ်တည်းနေ တစ်ရေထဲသောက်သော ငယ်သူငယ်ချင်းများဖြစ်နေ ခြင်း ကြောင့် ပိုမိုအံသြမိခြင်းလည်းဖြစ်သ
ည်။ “ သားကြီးမင်းက အလုပ်အဆင်ပြေနေတယ်ပေါ့လေ၊ ရေလျှံလှချေ လားဟ။ ABC တစ်ဂျားညီလေး ” ၀ိတ်တာကောင်လေးကို မှာရင်း သူကိုတစ်ဆက်ထဲမေးလိုက်သည်။
“ အေးကွအဲကိစ္စလည်းပါတယ်။ ခုမင်းကိုတွေ့ချင်တဲ့ အကြောင်းအရာထဲမှာ။ အေးဆေးပေါ့ ” ဘီယာ သုံးလေးခွက်လောက်ဝင်သောအချိ
န်တွင် လူကပိုမှန်ပြီးစကားတွေကထွက်
လာသည်။ “ သားကြီးမင်းငါ့ကို အံ သြနေတယ်ထင်တယ်။ ဘ၀ဆိုတာဒီိလိုပါဘဲကွာ။ ငွေကိုအသဲအသန်လိုအပ်လာတဲ့ အချိန်ဆိုရင် မျက်စိထဲမှာ သိက္ခာတွေ သစ္စာတွေ စောင့်ထိန်းရမဲ့ တာဝန်တွေကို ပါးပါးလေးထိပါးတတ်ကြတယ် ” ကျွန်တော်သူငယ်ချင်း ဘာကိုဆိုလိုသည်ကိုကျွန်တော်
မသိ။
“မင်းနားလည်အောင်ရှင်းပြမယ်
သားကြီး၊ မင်းလည်းသိပါတယ်၊ငါလစာက တစ်သိန်းကျော်ကျော် လောက်ပဲရတယ်ဆိုတာကို။ အမှန်တော့ ဒီလိုတွေ အဆင်ပြေတာဂွင်ကောင်းကောင်းဖ
န်တီးနိုင်တဲ့ စော်ကြီး တစ်ပွေကြောင့်ဟ ” ကျွန်တော်နည်းနည်းစိတ်ဝင်စာ
းသွားသည်။ “ ဟုတ်လို့လားကွာ မင်းကို ဒီလောက်သိန်းချီ တန်တဲ့ ပစ္စည်းတွေပေးပါ့မလား ” “ ဟ မပေးဘဲငါလစာနဲ့ ဘယ်လိုလုပ်ဝယ်နိုင်မလဲ။ ကိုကလဲအပီချုပ်ရ တာပေါ့ကွာ ” သူရကပြောပြီး ဟတ် ကနဲ့အသက်ထွက်အောင်လုပ်ရည်သည
်။ ခုမှကျွန်တော် သေချာထပ်ပြီးဂရုစိုက် ကြည့်မိသည်။ သူရ၏ အပြုအမူအပြောအဆို အားလုံးသည် စွဲစောင်မူပြင်းနေသည်။
ဟိုအရင်လိုရိုးသားသောယုန်ငယ
်တစ်ကောင်၏ အပြောအဆိုမျိုးမဟုတ်တော့။ မာယာသွယ်သွယ် ကြောင့် ပညာရည်ပြည့်ဝနေသော ပျိုပြစ်ငယ်ရွယ်သော ကျားငယ်ဖြစ်နေပြီ။ သူ၏ခပ်လှောင်လှောင်အပြုံး အောက်တွင် သက်ဆင်းသွားသော အတောင်ကျိုးဌက်ငယ်မည်မျှမျာ
းမည်မသိ။ ဒီမျှလောက်ပြောလျှင် ကျွန်တော် သဘောပေါက်ပြီ။ ခုခေတ်တွင်ခေတ်စားနေသော Sponser မမများနှင့်ထိပ်တိုက်ရင်ဆို
င်ခဲ့တာဘဲ ဖြစ်ရမည်။
သူရသည် ပါးလှပ်သောကိုယ်ခန္ဓာ အသားအညိုဆင်းနှင့် စွဲဆောင်မူရှိတာတော့အမှန်။ ကျွန်တော်တွေးရင် သောက်ရင်းဖြင့် အမြည်းနှင့်မှာထားသော ဘီယာများကုန်သွားသည်။ “ ဟေ့ကောင်လေး ထပ်လုပ်ပေး မို၊ကိုက်လန်နဲ့ ဘီယာနောက်တစ်ဂျားလောက် ” သူရ အသံကြားလိုက်မှ အသိပြန်ဝင်လာသည်။
“ သားကြီးငါတစ်ကယ်အလုပ်ကိစ္စြေ
ပာမှာနော်။ မင်းဘယ်သူကိုမှမပြောနဲ့ မင်းနဲ့ငါကငယ်ငယ်ကထဲက သူငယ်ချင်းအပြင် စိတ်ချရတာလည်းပါတယ်။ ဒီနေ့မင်းကိုခေါ်တဲ့ ကိစ္စက ငါဇယားတစ်ခုရက်ချိန်းငြိနေတ
ယ်။ အဲဒါ လွတ်သွားလို့လည်းမဖြစ်ဘူး။ မင်းကိုအဲတာလေးအကူညီတောင်းခ
ျင်လို့ ” ကျွန်တော်မျက်ဝန်းအ စုံပြူးထွက်သွားသည်။ သူရ ကျွန်တော်ကို သူ၏လုပ်ငန်းကိစ္စကိုထဲထဲဝင်ဝ
င်အကူအညီတောင်းနေပြီ။
သူရမျက်နာကိုကြည့်မိတော့ ဘီယာအစွမ်းအပြင် အခြားသောအကြောင်းအရာများဖြင
့် မျက်နာသည် နွမ်းနေပေသည်။ မကူညီလျှင်သူငယ်ချင်း၏ အခက်ခဲကိုလစ်လျှူရှုရာရောက
်မည်။ ကူညီပေးရပြန်လျှင်လည်း အနစ်နစ်အလလထိန်းသိမ်းသာသော သိက္ခာကိုယ်ကျင့်တရား။ “ လုပ်ပါသားကြီးရာ ငါမှာဒီကိစ္စတွေအပြင် အခြား မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေရှိနေလို့ပ
ါ။
ဘာမှထဲထဲဝင်ဝင်ပတ်သက်စရာမလိ
ုဘူး။ ငါသေချာမှာထားပါ့မယ်။ လာခေါ်တဲ့အချိန် သူကားနဲ့လိုက်သွားပြီး သူအိမ်မှာသီချင်းလေးဘာလေးဆိ
ု၊တွဲက ဒီလောက်ပါဘဲကွာ။ ဒီတစ်ကြိမ်လေး ငါကိုကူညီပေးပါ။ ညနေ ၇ နာရီကနေ ည ၁၁ လောက်ထိဘဲကွာ ” ခယစွာပြောနေသည့် သူငယ်ချင်းကိုကြည့်ပြီးအားန
ာနေမိသည်။ ကိုကလဲ သူကျွေးမွေးသော အစားသောက် တွေက ဗိုက်အပြည့်ဖြစ်နေပြီ။ အခင်ဆုံးသူငယ်ချင်းကလည်းဖြစ
် သူရထံမှမြောက်များစွာသော အကူညီများ ကလည်း ကျွန်တော်ရယူထားမိသဖြင့် တစ်ခေါက်တော့ကူညီပေးမည်ဟုဆံ
ုးဖြတ်လိုက်သည်။
ပြန်စဉ်းစားကြည့်လျှင် အလုပ်ကိစ္စကလည်း နစ်နာထိခိုက်လောက်သည့်အကြော
င်းလည်းမရှိ။ သွားတွေ့ သီချင်းဆို ပြီးရင် က ဒီလောက်ဘဲ။ “ အေးကွာ ဒီတစ်ခါတော့ကူညီလိုက်မယ်။ မင်းကျွေးတာတွေစားထားတာဆို တော့လဲ ” “ သားကြီးကလည်းကွာ အဲလိုမတွေးပါနဲ့ငါတကယ်အခက်ခ
ဲတွေ့နေလို့ပါ။ အဲတစ်ယောက်က ဇယာအကြီးစားကြီးဟ ” ထိုသို့ဖြင့်ကျွန်တော်သည် သူရ ၏အစီစဉ်အောက်တွင် ကပြအသုံးတော်ခံရမည့် အရုပ်တစ်ရုပ်ဖြစ်သွား၏။
ဒီနေ့လောက်ရင်ခုန်ရသောနေ့ကွ
ျန်တော်ဘ၀တွင်မရှိ။ အလုပ်မရှိသဖြင့် ဘာမှလည်းတွေထူးစိတ် ပူစရာမရှိ။ အဆောင်လခပုံမှန်ပေးလျှင် စကားတောင်ဟအောင်မပြောသော အဆောင်တွင်နေသည်မို့လွတ်လပ်
မူက လေပြေအလားပင်ဖြစ်သည်။ ချိန်းဆိုထားရာ နေရာတစ်ခုသို့ တောက်ပြောင်နေသော ကားတစ်စီးလာရပ် သည်။ ပြေးကြည့်စရာမလို့ ဒီနေရာမှာဒီလိုစောင့်နေဖို့
သူရ သေချာမှာထားပြီးသားဖြစ်သည်။
ကားပေါ်မှာတံခါးတစ် ချပ် ပွင့်လာပြီး အနီရဲရဲ ဒေါက်ဖိနပ်တစ်ဖက်ကိုမြင်လို
က်ရသည်။
“ ကလေးလေး စောင့်နေတာကြာပြီလား။ မမနည်းနည်းမဆိုသလောက်နောက်က
ျသွားတယ် ” အသက် လေးဆယ်အရွယ်လောက်ရှိ အမျိုးသမီးကမျက်စိတစ်ဖက်ကို
မှိတ်ပြပြီးပြောသည်။ သူမ၏ပုံသဏ္ဍန်သည် များစွာ စတိုင်ကျသည်။ အကျီဆွဲသားအပျော့ကိုရင်ညွန်
့မရောက်တစ်ရောက်ထိအောင် ဟိုက်ထားပြီ စကပ် အကျပ်တစ်ထည်ကို ပုံစံကျစွာဝတ်ထားသည်။ ကားပေါ်မှဆင်းသည်နှင့် တန်ဖိုးကြီးမိတ်ကပ်နံက နာခေါင်းထဲသို့ဝေ့ကနဲ့။
“ မကြာသေးဘူးဗျ။ ခဏကမှကျွန်တော်လည်းရောက်တာ ” “ အိုကေ ကလေးလေး လာကားပေါ်တက် ” သူရပြောထားလို့ကျွန်တော်ကော
င်းကောင်းသိသည်။ ပုံမှန်ဆိုလျှင် သူမအောက်သို့ဆင်းလာမည်မဟုတ်
။ ဆင်းလည်းမဆင်း သူမသီအိုရီတွင်ထိုထုံစံလည်း
မရှိ။
ကျွန်တော်လူသစ်တစ်ယောက်မို့
ရင်းနှီ်းမူကိုရယူလိုက်ပုံရ
သည်။ စကားကိုပြောပြီး စူးစူးစိုက်စိုက်ကြည့်လာသော
မျက်ဝန်းများသည် ကျွန်တော်တစ်ကိုယ်လုံးကိုလွ
န်းထိုး နေသည်။ ကြက်သိန်းတစ်ချက်ပင် ဖြန်းကနဲ့ထသွားမိသည်။ ဘ၀အတွက် အချို့သောအရာများကိုရင်းရခြ
င်း သည် ဝေခွဲမရနိုင်သော စိတ်၏တုန်လုပ်ခြင်းများရှိေ
ကြာင်း ကျွန်တော်သိပြီ။
ကားတံခါးကိုဖွင့်ပြီးထိုင်လ
ိုက်သည်နှင့် ကားတွင်းမှအေးစက်စက် ရနံတစ်ခုကထပ်မံဆီးကြိုသည်။ အော် မိမိမရင်းနီးကျွမ်းဝင်မူမရှ
ိသည့် ကိုသင်းရနံပါလား။ ခြေဖျားလက်ဖျားတွေအေးစက်လာသ
ည်။ အေးစက်နေသည့် လက်တစ်ဘက်ပေါ်သို့ နုထွေးထွေးလက်လေးတစ်ဘက် ကျရောက်လာသည်။ “ ကလေးလေး ကြောက်နေလား မမ မင်းကိုကြည့်နေရတာ တကယ်ချာတိတ်ဘဲ ” သူမတစ်ချက်ထိုသို့ပြောပြီး ရယ်သည်။ ကျွန်တော်ဘာပြန်ပြောရမည်သေခ
ျာမသိ။ စိတ်ဝယ် မည်သို့ဖော်ပြရမည်မှန်းမသိေ
သာ ခံစားချက်များဖြင့်တွေဝေနေသ
ည်။
လမ်းတစ်ဝက်လောက်ရောက်သည့်အခ
ျိန်တွင် သူမက သူငယ်ချင်းတစ်ယောက်ကိုဝင်ခေ
ါ်မည်ဟုဆို ကာ ခြံဝင်းကျယ်တစ်ခု၏ဆင်ဝင်းအေ
ာက်တွင် ကျွန်တော်ကိုထားခဲ့သည်။ ဆယ်ငါးမိနစ်လောက်ကြာမှ သူမ၏သူငယ်ချင်းဆိုသူနှင့်ပြ
န်ထွက်လာသည်။ မြန်မာဆန်ဆန် ကြိုးကြီးချိတ်နှင့်ဆံပင်ကု
ိနောက်တွင်သေသပ် စွာထုံးထားသည်ကိုသာ ကျွန်တော်သတိထားမိပြီး မျက်နာအားသေချာစွာမကြည့်မိ။
ထိုအမျိုးသမီးတစ်ယောက်ထပ် တက်လာသောအချိန်တွင် ခပ်ယဉ်ယဉ်ရနံတစ်ခုသည် နာခေါင်းထဲသို့တိုးဝင်လာပြန
်သည်။ထိုသို့ဖြင့် ကျွန်တော်သည် သူမနှင့်သူမ၏ အပေါင်းဖော်များအတွက် တစ်ခဏတာ ပျော်တော်ဆက်အဖြစ်နေထိုင်ပေ
းရန် အမင်္ဂလာအချိန်ကျရောက်လာပါတော
့သည်။
ခန်းနားကြီးကျယ်လှသောအိမ်ကြ
ီး၏ တိတ်ဆိတ်သော အခန်းတစ်ခုတွင် သူမနှင့်နောက်ထပ်ရွယ်တူ သုံးယောက်ထပ်တွေ့ရသည်။ အားလုံးငါးယောက်။ သူမနှင့်သူမ၏ သူငယ်ချင်းများအားလုံး၏ဘေးတ
ွင် ကျွန် တော်တို့အရွယ် ကောင်လေးများနှင့်ပင်ဖြစ်သည
်။ ကျွန်တော်အခန်းးထဲဝင်လိုက်သ
ည်နှင့် သူတို့မျက်ဝန်းများက ကျွန်တော်ထံသို့ဝဲပျံလာသည်။
“ ဟယ် အဘွားကြီး ရှင်ကအသစ်လေးခေါ်လာတယ် ပေါ့လေ။ဘယ်ကမလာတာတုန်း ”
ဇော်ညီညီ(နေပြည်တော်)
ဆက်လျှက်ဖော်ပြပါမည်။
No comments:
Post a Comment