လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Monday, 26 May 2014

မင်္ဂလာပွဲ



ဟူးးးးးး

သက်ပြင်းကိုခပ်ဖွဖွချလိုက်သည်။ မင်္ဂလာပွဲအတွက် ဖိတ်စာကအယောက်ငါးရာမှန်းထား
သည် ။ ကုန် ကျစာရိတ်ကိုတွက်ကြည့်ပြန်လျှင်လက်ထဲမှာစုထားသည့်ငွေနဲ့ကမလောက်။ ၀န်ထမ်းတစ်ယောက် မင်္ဂလာဆောင်က ထိုမျှစိတ်ဒုက္ခပေးကြောင်းကိုယ်တိုင်ကြုံမှပင်သိတော့သည်။ မင်္ဂလာမဆောင်မီ ဖိတ်စာတွင်ပင် တစ်စောင်နှစ်ရာဖြင့် အယောက်ငါးရာအတွက် တစ်သိန်းကုန်နေပြီ။

နောက်ကျွေးမွေးရေးဧည့်ခံရေးအတွက် ကုန်ကျစာရိတ်တွက်ရမည်။ ပြီးစလွယ်လုပ်လို့လဲမဖြစ်။ မည်သို့ပင်ဆိုစေ မိန်းကလေးမိဘမျက်နာကိုကြည့်ရအုံးမည်။ ချစ်သူက နာလည်သဘေားပေါက်သဖြင့် မည်သည့်အကြောင်းရာကိုမျှ အပြစ်မပြောသော်လည်း သတိုးသားတစ်ယောက်၏၀တ္တရားများကို ကျေပွန်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားနေရသည်။

အကျွေးမွေးကိစ္စတွင်လဲ ကျွန်တော်သဘောအတိုင်းဖြစ်စေသောကြောင့် တော်သေးသည်။ ထိုသို့မဟုတ်လျှင် ခုခေတ်ကုန်ဈေးနှုန်းဖြင့်မလွယ်။ချစ်သူနှင့်တိုင်ပင်ပြီး ဒံပေါက်ဆိုင်သို့သွားမေးဖြစ်သည်။ မမေး လို့လဲမဖြစ်။ နောက်တစ်ပတ်ဆိုလျှင် ပွဲကစပြီ။ ဒံပေါက်ဆိုင်ရောက်လျှင် ရင်ခုန်သံက တဖြည်းဖြည်းမြန်လာသည်။ ရောင်းဈေးတစ်ပွဲလျှင် နှစ်ထောင်ရှိသော ဒံပေါက်သည် အနည်းဆုံး တစ်ထောင့် ရှစ်ရာခန့်ရှိပေမည်။ ဖိတ်စာငါးရာအတွက်ဆိုလျှင် ဆိုပြီးတွေးလိုက်သည်နှင့် သွေးတောင်တက်ချင်သလိုဖြစ်သွားသည်။

နောက်ဆိုင်ကိုအမှန်တကယ်ရောက်လျှင် ဆိုင်ဘေးတွင်ထောင်ထားသည့် ၀ိုက်ဘုတ်မှစာကို အရင် ဖတ်မိသည်။ လူနှစ်ရာစာအတွက် လေးသိန်း။ အိုးမိုင်ဂေါ့။ ကျွန်တော်မင်္ဂလာဖိတ်စာက အယောက်ငါးရာဖြစ်သည်။ ငါးရာအမြောက် နှစ်ထောင်ဆိုလျှင် ဆယ်သိန်းဖြစ်နေပြီ။ မင်္ဂလာဖိတ်စာက တစ်သိန်းနှင့် တစ်ခြားအခန်းနား သတိုးသမီးမိတ်ကပ်ဘာညာနှင့် ဘာရီရအားလုံးပေါင်းလိုက်လျှင် အနည်းဆုံး တစ်ဆယ့်ငါးသိန်းခန့်ကုန်ပေမည်။ 


လူပျိုဘ၀က စုစုဆောင်းဆောင်းမရှိသည့်အပြင် ၀န်ထမ်းလဲဖြစ်ပြန်သဖြင့် စုမိစောင်းမိကလဲသိပ်မရှိ။ စိတ်ကူးထဲတွင် မေမေလည်ပင်းမှ ဆွဲပြားကြီးကြီးကို မြင်နေမိပြန်သည်။ အနည်းဆုံး သုံးကျပ်သားခန့်ရှိ မည်။ ခုခေတ်ရွှေဈေးနှင့်ဆို အနည်းဆုံ ဆယ်ရှစ်သိန်းပျော့ပျော့ရနိုင်သည်။ ဒါတောင် ကောင်မလေး မိဘများက လူငယ်ပညာတတ် အရာရှိပေါက်စဖြစ်သဖြင့် ဘာဘာညာညာတင်မတောင်းခိုင်းသည်က တော်သေးသည်။ ထိုသို့မဟုတ်လျှင်မလွယ်ရေးချ မလွယ်။

“ဘာအလိုရှိပါသလဲ”ဆိုင်ဝန်ထမ်းကောင်မလေးတစ်ယောက်လာမေးသည်။ မင်္ဂလာပွဲအတွက် ဒံပေါက် ကိစ္စလေးစုံစမ်းချင်လို့ပါဆိုသဖြင့် ထိုကောင်မလေးက အာပေါင်အာရင်းသန်သန်ဖြင့်ရှင်းပြသည်။ သူတို့ ဆိုင်က ကြက်သားဆိုလျှင်ဘယ်လို၊ ဆိတ်သားဆိုလျှင်ဘယ်လို၊ မခိုဘူး၊ ပွဲအမြင်လှစေရမယ်၊ အားလုံး တာဝန်ယူတယ်ဈေးကတော့မလျှော့နိုင်ပါဆိုပြီးပြောနေသည်။ မှန်ရာကိုပြောရမည်ဆိုလျှင် ကျွန်တော်စိတ်တွေ ထို ကောင်မလေးထံတွင်မရှိ။ စိတ်ထဲတွင် မေမေဆွဲကြိုးပေါက်ဈေးနှင့်မင်္ဂလာစာရိတ်များကို အချိုးချနေသည်။

ပူပြင်းသည့်နေထက် ကျွန်တော်ရင်တွေပိုပူသည်။ စိတ်ထဲတွင် ကျွန်တော်ဘာပြောပြောလိုက်ရောပေးမည့် မေမေ့မျက်နာကိုရဲရဲမကြည့်ဝံ့။ သားအတွက်ဘာကိုဘဲဖြစ်ဖြစ်လုပ်ပေးဖို့အဆင်သင့်ဖြစ်နေမှန်း သိနေသော်လည်း ထိုအရာသည်သားကို တစ်ပါးသူအလယ်တွင်မျက်နှာမငယ်စေချင်သော ကြောင့်ပင်ဖြစ့်လိမ့်မည်။ မည်သည့်မိဘကကိုယ်သားသမီးအရာရှိတစ်ယောက်ကို အချိန်မတန်မီ အိမ်ထောင်ပြု စေချင်နေမည်နည်း။ ကျွန်တော်ပိုဆိုးသည်။ ခုမှအရာရှိကဖြစ်ကာစ။

“ မောင် ဒီမှာ သူများပြောနေတယ်လေ။ နားလဲမထောင်ဘူး”။ ကျွန်တော်ချစ်သူက ကျွန်တော်ကို တံ တောင်ဖြင့်အသာတွက်ပြီး ရှင်းပြနေသည့်ကောင်မလေးမသိအောင်ပြောလာသည်။ ထိုအချိန်မှကျွန် တော်စိတ်ကူးများဒံပေါက်ဆိုင်သို့ပြန်ရောက်လာသည်။ “အင်းညီမလေး ကိုယ်တို့ထပ်လာခဲ့အုံးမယ်။ ခုတစ်ခြားအလုပ်လေးသွားလိုက်အုံးမယ်။ အကြောင်းပြန်မယ်နော်” ကျွန်တော်အချိုသာဆုံးပြောပြီး ထွက်လာချိန်တွင် သူမလေးကအလိုက်မသိစွာ “ ဟုတ်အစ်ကိုကြီး ညီမတို့ဆိုင်က ဈေးအမှန်ဆုံးနဲ့ မင်္ဂလာပွဲအော်ဒါအများဆုံးရတဲ့ဆိုင်ပါ။ အားလုံစိတ်ချပါ”။ 
စိတ်ထဲမှာ အဲလိုစိတ်ချဆိုတဲ့ စကားလုံးနောက်ကွယ်က ၀န်ဆောင်မူကုန်ကျစာရိတ်ကြီးကို ကြောက်တာညီမရေဟုတွေးမိသော်လည်း ချစ်သူမျက်နာကိုဘက်ကိုမူ အပြုံးမပျက်ဟန်ဆောင်ထားရ သည်။နောက်အပ်ထားသောဖိတ်စာကိုသွားရွေးလျှင် လှပသောရွေရောင်စာလုံးများဖြင့် တန်ဆာဆင် ထားသည့် ဖိတ်စာအတွက် လက်ကျန်ငွေကလျှော်ကနဲ့။

နောက်တော့ ချစ်သူအတွက်သတိုးသမီးဝတ်စုံသွားရွေးရပြန်သည်။ သတိုးသမီးနှင့်သူ၏မိခင်အတွက် ချုပ်ထားသည့် ၀တ်စုံများက ပိုးသားရွှေရောင်တို့ဖြင့်တလက်လက်လှပနေသည်။ ကျွန်တော်မျက်လုံး ထဲတွင် ထိုအရောင်များ၏စူးရှခြင်းထက် ကုန်သွားသောငွေကိုသာတွက်နေမိသည်။ ထိုရွှေရောင်များအတွက် မေမေမြတ်နိုးတန်ဖိုးထားသော ဆွဲပြားတစ်ခုပြုတ်ပေးတော့မည်။ သားဆိုးသားမိုက်ဟုမြင်မပေးဘဲ ကျွန်တော်စိတ်တိုင်းကျလုပ်ခွင့်ပေးပြီ သားကိုစိတ်ချမ်းသာမှုသာ အမြဲပေးခဲ့သည့် မေမေ့ကိုပိုမြင်ယောင်လာမိသည်။

အထည်ထုတ်နှင့်ဖိတ်စာထုတ်လေးကိုင်ပြီး ချစ်သူက “ မောင်အရမ်းကပ်စေးတာဘဲကွာ။ ဒီလောက် မောင့်စိတ်တိုင်းကျလုပ်စေခဲ့ပြီးပြီဘဲ။ ဒံပေါက်ကိုတော့ မြို့နာမည်ကြီး ခုနကဆိုင်ကဘဲမှာပါလား။ ဘာမှ မဟုတ်တာလေးကိုတွက်နေတယ်။ မိန်းမတစ်ယောက်ျားကိုတောင် ဒီလောက်ငွေလေးနဲ့ စိတ်မချမ်းသာစေချင်ဘူးလား။ မောင်သိက္ခာကျမှာဆိုးလို့ ချစ်ကပြောတာပါ” ချစ်သူ၏ပိယ၀ါစာချိုသာသော စကာလုံးများက ရင်ဝသို့တည့်တည့်ထိလာပြန်သည်။

“ အင်းလုပ်ပေးရမှာပေါ့။ သူတစ်ပါးသားသမီးကိုယူမှာကို” ဟုတွေးပြီးချစ်သဘောဖြစ်လိုက်ရသည်။သေချာသည် မေမေနှင့်ဖေဖေကိုအရာတိုး ဂျီကျခဲ့သောစိတ်တို့သည်ခုချိန်တွင်မည်သည့်နေရာသို့ပြေးထွက်သွားသည်မသိ။ ထိုသို့ဖြင့် နောက်ဆုံး ငွေဆယ်သိန်းအပြတ်ပေးချေပြီး ချစ်သူအလိုကျ ငိုကျမတတ် ပေးချေလိုက်ရတော့သည်။


                                                                           ×××××

မင်္ဂလာသီချင်းသံက မြူးမြူးကြွကြွထွက်လာနေပြီ။ ခန်းမတစ်ခုလုံးသည်လည်းအဖိုးတန် အခန်းနား ဖြင့် တင့်တယ်နေသည်။ သတိုးသမီးသည်လဲ တစ်သိန်းကျော်တန်မိတ်ကပ်တန်ခိုးဖြင့် ဖူးပွင့်နုရွှပြီး လှပနေသည်။ တပ်ထားသောမျက်တောင်တုဖြင့် ကျွန်တော်အား “ မောင် ချစ်လှလား” မေးလေတိုင် လှတယ်ချစ်ဟု ခပ်တိုတိုသာဖြေဖြစ်သည်။ 

ကျွန်တော်မိဘနှစ်ပါးသည်လည်း နယ်မှရက်ကပ်စွာလာသဖြင့် ပင်ပမ်းနွမ်းနယ်စွာပွဲတက်နေရသည်။ မေမေကို မိတ်ကပ်ဆရာမနှင့်ပြင်ပေးမည်ပြောသော်လည်း မေမေက လက်မခံသဖြင့် လိမ်းနေကျသနပ်ခါးခပ်ပါးပါးလေးကို မေမေပါးတွင်တွေ့ရသည်။
ဖေဖေကတော့ သူသားတင့်တောင်တင့်တယ်မင်္ဂလာပွဲကိုစီိမံခဲ့ရခြင်းအပေါ် အဘောကျနေပြီး လာသည့် ပရိတ်သတ်တစ်ချို့ကိုပြုံးပြဧည့်ခံနေသည်။

သတိုးသမီးမိဘနှစ်ပါးဖြစ်သည့် ကျွန်တော် ယောက်ခမနှစ်ပါးကတော့ ပိုးဖဲများဖြင့်လှပနေကြသည်။ “ အစ်မ သားမက်လေးကသိပ်တော်တာ။ ပွဲတစ်ခုလုံးဘာမှကိုလည့်မကြည့်ရဘူး။ သူအားလုံး စီစဉ်သွားတာ။ အားလုံးစိတ်တိုင်းကျစရာကြီးဘဲ” ယောက်ခမကြီးက သူအပေါင်းအဖော်များကိုကြွားနေလေသည်။

အမှန်ပင် မင်္ဂလာပွဲတစ်ခုလုံးပျော်ရွှင်စွာစားသောက်နေကြသည်။ ကျွန်တော်စိတ်ထဲတွင်ပူပန်ခြင်းများ ကသူမတို့စားသောက်လိုက်သော ဒံပေါက်ပွဲများနှင့်အတူမြင့်တက်နေသည်။ ဧည့်သည်ငါးရာဖိတ်ထား သော်လည်း ကလေးနှင့် စုံတွဲများတက်သည့်အတွက်မလောက်ငှမည်ကို စိတ်ပူပန်နေသည်။ ပွဲတစ်ခုလုံး အဆင်ပြေပြေပြီးစေချင်သည်။ တစ်ခါတစ်ခါ ဟေးလာဝါးလာဖြင့် ပုံတွေရိုက်လျှင်လဲ စိတ်ပါသော်လဲ ပြုံးပြနေရသည်။ နောက်ဆုံးအောင်ပါစေ ဆိုသည့်သီခြင်းသံကြားမှပင် စိတ်အားလုံး ပုံမှန်ပြန်ဖြစ်လာသည်။

×××××
မင်္ဂလာပွဲပြီးလျှင် သတိုးသမီးမိဘများက လက်ဖွဲငွေဖလားကိုပိုက်ပြီး သူတို့အိမ်သို့ပြန်သွားသည်။ သတိုးသမီးသည်လဲကျွန်တော်အား ခဏထားပြီး ပွဲတွင်းပြင်ဆင်ခဲ့သော မိတ်ကပ်များကိုဖျက်နေလေသည်။ ဖေဖေနှင့်မေမေက ကျွန်တော်နားကိုကပ်လာသည်။ သူတို့ရောက်လာမှ ကျွန်တော်စိတ်ပျက် လက်ပျက် တိုက်ပုံနှင့် ပုဆိုးပင် မလဲနိုင်ဘဲထိုင်နေခြင်းကို ပြင်မိသည်။

“ ကဲ သားပင်ပန်းသွားပြီ။ ပြောပါဦး ဒီငွေတွေက ဘယ်ကရပြီ ဘယ်လိုစီစဉ်လိုက်။ ဖေဖေတို့ကလဲ နယ်ကလာတာဆိုတော့ ဘာမှသိပ်မလုပ်ပေးလိုက်ရဘူး။သားကိုမေးတော့လဲ အဆင်ပြေအောင်လုပ်ထားမယ် ဖေဖေဆိုလို့ဒီတိုင်းနေနေတာ။ ကဲ မင်းယောက်ခမတွေလဲဒီနားမရှိဘူးဆိုတော့ ပွင့်ပွင့် လင်းလင်းသာပြောသား” 
ဖေဖေကပြောလျှက်ဖြင့် ကျွန်တော်နှဖူးမှ ဇေားချွေးများကိုသုတ်ပေးသည်။ ထိုသို့ချွေးများထွက်နေသည်ကို ကျွန်တော်ပင်မသိ။

မေမေကကျွန်တော်ကို ကြည့်ပြီး အပြုံးတစ်ချိုပြုံးပြသည်။ မေမေအပြုံးတွင် ငါ့သားဟန်ဆောင်နေရတဲ့ ဘ၀သိပ်သနားစရာ ကောင်းနေတယ်ဆိုပြီးတွေးနေမှာကို သားအမိအချင်းချင်းသိသည်။ ထို့အပြင် သူငယ်ချင်းထံမှ ခဏ စိုက်ခိုင်းထားသည့် ငွေကို ပွဲပြီးလျှင်ပေးရမည်။ မေမေထံကြည့်မိတော့ မေမေက အလိုက်သင့်စွာ သူမ၏ ဆွဲပြားတစ်ခုဂျိတ်အားဟနေသည်။ ကျွန်တော်နှလုံးသည် ထိုမြင်ကွင်းကြောင့် မျက်ရည်များက သူ့အလိုလိုစီးဆင်းစေသည်။ 

“အဖေက ကျွန်တော်ကျောကိုလက်ဖြင့်သပ်ပြီး စိတ်မကောင်းမဖြစ်နဲ့သား။ ဖေဖေတို့မေမေတို့က လောကမှာသားတွေကိုမွေးထားပြီး တာဝန်ကျေချင်တာ။ ပြီးတော့ ဗြုန်းစားကြီးလာရတာဆိုတော့ ဘာမှ ပြင်ပြင်ဆင်ဆင်မရှိခဲ့ဘူးလေ။ သားကလဲ အားလုံးအဆင်ပြေပါတယ်လိုပြောတာကို။သူများ ပွဲတွေဆို ပွဲပြီးသွားမှာဆိုးကြတယ်။ သားကတော့အဲလိုမဟုတ်ဘူး စိတ်ကျဉ်းကျပ်ပြီးမြန်မြန်ပြီးစေချင် နေတယ်လေ” 

သြော်ဖေဖေရယ်သားစိတ်အားလုံးကိုအလွှတ်ရနေတာပါလား။ထိုအချိန်တွင်မေမေက ကျွန်တော်ကို အချိန်အနည်းငယ်စီးသော ဒေါင်းပုံပါအပြားတစ်ခုကိုလက်ထဲကိုထည့်ပေးသည်။ နောက် “ မေမေ တို့က ညတန်းပြန်မှာသားဖွားဖွားသိပ်နေမကောင်းဘူး” မေမေက ပြောပြီး ကျွန်တော်ခေါင်းကို ဖွဖွပွတ် ပြန်သည်။ ရင်ထဲမှာ လိုက်တက်သွားလိုက် နိမ့်ဆင်းလာလိုက်ဖြင့် ဖော်မပြတတ်သော ၀မ်းနည်းခြင်း များက ကျွန်တော်အတွက် အဆိုးဝါးဆုံးခံစားချက်ကိုပေး၏။



                                                                            ×××××××

ညဉ့်သည်တဖြေးဖြေးဖြင့် နက်လာသလို ဘေးမှ ကျွန်တော်၏ အသစ်စက်စက်သတိုးသမီးလေးသည်လည်း ချေားမေားလှပနေသည်။ တစ်ခါတစ်ခါတွင်းသူမက ချစ်စကြင်စဦးအသံလေးများဖြင့်ကျွန်တော်ကိုစကားပြောနေသည်။ အခန်းမီးကိုပိတ်လိုက်ပြီး နူးညံအိထွေးသောကိုယ်ခန္ဓာပိုင်ရှင်ချစ်သူလေးကို ထွေးပွေ့လိုက်သောအခါ မေမေ၏အပြန်လမ်းတွင် လစ်ဟာသွားသောရင်ဘတ်နေရာမှ ဒေါင်းဒင်္ဂါပြားလေးကို မှတ်မှတ်ရရ မျက်လုံးထဲ လှမ်းမြင်ယောင်လိုက်မိတော့သည်။

ဇော်ညီညီ(နေပြည်တော်)

No comments:

Post a Comment