လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Thursday, 29 May 2014

လိပ်ပြာမျှားသောကျွန်း အပိုင်း(၂)

ကျွန်တော်ဘေးမှ ထိုလူကတော့ မည်သို့နေသည်ကိုမသိ။ ကားပေါ်မှတေးသွား ငြိမ့်ငြိမ့်လေးကိုမျက်ဝန်းကိုမှိတ်ပြီးနားထောင်နေသည်။ ထိုအချိန်တွင် ကားအဲကွန်းအရှိန်ကြောင့် အေးစက်နေသော ကျွန်တော်လက်တစ်ဖက်သည် တစ်စုံတစ်ခုကြောင့်နွေးထွေးလာသည်။
လက်ကိုအနည်းငယ် ရုန်းကြည့်သည်။ မရ။

ထိုတစ်ယောက်ကသေချာစွာဖိကိုင်ထားသည်။ ကျွန်တော်လေသံကို အနိမ့်ဆုံး ထားပြီး “ အစ်ကိုကျွန်တော်လက်ကိုဘာလုပ်တာလည်း” “ ညီ ဘာမှမဖြစ်လောက်ဘူးမို့လား။ ဒီတိုင်းလေးပါဘဲ။ ကျန် တာဘာမှမဟုတ်ပါဘူး” စကားသံခပ်အေးအေးက ကျွန်တော်နားထဲသို့ဝင်လာသည်။ ထိုလူသဘောက ဒီတိုင်း ကိုင်ထားတဲ့အတွက် စိတ်ထဲမှာဘာမှမဖြစ်စေရန်ရည်ရွယ်နေပုံရသည်။ သူပြောတာလည်းဟုတ်ပါသည်။ လက်တစ် ဖက်ကိုခပ်ဖွဖွကိုင်ထားရုံဖြင့် ဘာမှမဖြစ်နိုင်။

အခက်စိုပင်အိုထက်ကငုဝါတဲ့လား

 

ရှင်လိင်ပြန်သောနေ့ ၊ ထောင်ကထွက်သောနေ့နှင့် အိမ်ထောင်ပြုသောနေ့ ထိုနေ့သုံးရက်သည် ဘ၀တွင် အပျော်ဆုံးဖြစ်သည်ဟုမှတ်သားထားဘူးသည်။ မှန်ပေသည်။ အိမ်ထောင်ပြုရန်အတွက် မင်္ဂလာအကြို မဏ္ဍပ်ထိုး သောနေ့သည်ပင်လျှင် ကျွန်တော်နှင့်ငုဝါအတွက် ပျော်ရွင်မူများစွာယူဆောင်ပေးသောနှစ်ဖြစ်သည်။

နယ်ဓလေ့ထုံးစံအတိုင်း အိမ်ရှေ့လမ်းကို ကာပြီမဏ္ဍပ်ဆောက်လုပ်ထားသည်။ အရောင်စုံဘောလုံးများ နှင့် ငုဝါပန်းများကိုလည်းလှပစွာစီရီထားသည်။ မင်္ဂလာမဏ္ဍပ်တစ်ခုလုံး ပန်းရနံဖြင့် သင်းပျံနေသည်။ ပြင် ဆင်ထားသော ခုံများထက်တွင် ကျွန်တော်နှင့်ငုဝါ အစမ်းထိုင်ကြည့်ပြီး သူမ၏ရှက်ရွံနေသော မျက်ဝန်းများ ကိုကြည့်မိသည်။ထိုသို့ဖြင့် ငုဝါကိုချစ်သောကောင်မလေးနှင်းငုဝါသည် ကျွန်တော်အချစ်အားလုံး၏ မူပိုင်ရှင် ဖြစ်၏။

ငုဝါသည်အမြဲ မြန်မာဆန်ဆန်ယဉ်ဖုံးအကျီနှင့်ပန်းတစ်မျိုးမျိုးကို ဆံကေသာတွင်ဆင်မြန်းထားတတ် သည်။ သူအမြတ်နိုးဆုံးပန်းမှာ တာတန်ခူးတွင်အပြိုင်ဖူးဖွင့်သည် ငုဝါပင်ဖြစ်သည်။ ကျွန်တော်တို့နှင့် ချစ်သူသက် တမ်း တစ်နှစ်ကျော်သောအချိန်တွင် လက်ထပ်ရန်ဆုံးဖြတ်လိုက်သည်။နှစ်ထောင်တစ်ဆယ်လေး၏ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မင်္ဂလာပွဲပြုလုပ်ရန် ရက်ကိုရွေးချယ်ထားသည်။

လိပ်ပြာမျှားသောကျွန်း အပိုင်း(၁)


ကောင်းကင်ကိုမော့ကြည့်လိုက်
လျှင် အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်တွေကိုတွေ့ရသည်။ မိုးတွင်းမှာမိုးရွာတာမထူးဆန်းသော်လည်း ချစ်သူထံပြန်ရမည့်နေ့မှ ဒီလိုအုံ့မိုင်းနေခြင်းကိုစိတ်က သိပ်သဘောမကျ။ ကားလက်မှတ်ကို ည ၈း၃၀ ဖြတ်ထားလို့တော်သေးသည်။ နာရီကိုကြည့်လိုက်တော့ ညနေသုံးနာရီရှိပြီ။ အမှန်ဆိုဒီလိုရာသီဥတုမျိုးက မန္တလေးမှာနေလို့ကောင်းသည်။ မိုးမရွာဘဲအုံ့ဆိုင်းနေခြင်းသည် မန္တလေးတော်ဝင် နန်းရိပ် နန်းမြေကို အလွမ်းပို နေစေသလိုခံစားမိသည်။ 

မန္တလေးသို့အလုပ်ကိစ္စတစ်ခုဖြင့်လာခြင်းဖြစ်သဖြင့်အခြားနေရာများသို့မရောက်နိုင်။ ဈေးချိုတော်၊ မန္တလေးတောင်နှင့်တောင်သမန်သို့သွာရန်သာ စီစဉ်ထားသည်။ ဈေးချိုကိုမနက်ပိုင်းတွင်သွားပြီးဖြစ်သဖြင့် တည်းခိုသောသူငယ်ချင်းအဆောင်တွင် အေးဆေးပြန်နားနေသည်။ “မင်းတောင်ပေါ်သွားဦးမယ်ဆို” သူငယ် ချင်းကလိုက်ပို့ရန်ပြင်ဆင်ထားပုံရသည်။ မိုက်သည်။မွန်းကြပ်နေသောအလုပ်ကိစ္စနှင့်အခြားစိတ်ပင်ပန်းစရာများ ကိုတောင်ပေါ်တွင်ဖြေဖျောက်ရမည်။

မာယာတောမှာမျှောတဲ့သူ

ကျွန်မအရမ်းအံသြသွားသည်။ကိုယ်ကို ချစ်ပါသည်။ လက်ထပ်ပါမည်။ဟုပြောခဲ့ဖူးသော မောင်၏စကားသံများက ခုတော့ လေအဝေ့မှာပါသွားတဲ့ ဖုန်မှုံတွေအတိုင်းဖြစ်နေပြီ။
အမှန်ဆိုကျွန်မကိုက မိုက်လုံးကြီးခဲ့တာပါ။ ကိုကိုချစ်ရှာတယ်ဆိုပြီး သူတောင်းဆိုတိုင်းလိုက်လျောပေး ဆပ်ခဲ့သည့်အရာများသည် ယခုအခါမိသားစုဂုဏ်သိက္ခာကိုကျဆင်းစေမည့် မောင်၏ ထိန်းချုပ်လက်နက်များဖြစ် နေသည်။ 

ယုံမှတ်ပြီး ပုံအပ်မိသည့်အချိန်များကိုပြန်တွေးကြည့်ပြီး ကျွန်မရူးမတတ်ဖြစ်နေရပြီ။
အချစ်ကိုဗန်းပြပြီးကျွန်မဘ၀ကို သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက်လုပ်သွားသည့် မောင် က ခုကျွန်မရှေ့မှာ။အရမ်းချစ်သည် လက်ထပ်ပါမည်ဟုတသွင်သွင်ပြောပြီး အမှန်တကယ်လက်ထပ်သင့်သည့် အချိန်တွင် မိဘကျေးဇူးကိုမကန်းချင်ပါဟုရိုးရှင်းသောအကြောင်းပြချက်တစ်ခုဖြင့် လမ်းခွဲသွားမည့် ချစ်သူမက သော ချစ်သူ။

ပျော်တော်ဆက် (ဇာတ်သိမ်းပိုင်း)



 

မောင်သူက ဒေါက်တာနွယ်နွယ်လင်း ပိုးနဲ့ငယ်သူငယ်ချင်းပေါ့။ “ကဲ မောင်ဆိုတဲ့ ဟိုတစ်ယောက် ကုတင်ပေါ်တက်။ ကျွန်တော်ဆရာဝန်မပြောတဲ့အတု

ပျော်တော်ဆက် အပိုင်း(၃)


ဒီနေ့ဟာဟာကျွန်တော်ဘ၀အတွက်အရေးကြီးဆုံးနေ့ဖြစ်မယ်ဆိုတာကိုကျွန်တော်မသိခဲ့ဘူး။ဒါကြောင့် လည်း သူမ ခေါ်သောအချိန်တွင် အနည်းငယ်သောက်စားပြီး သွားတွေ့ဖြစ်သည်။ ခြေထောက်ကိုခပ်ရင့်ရင့်ချိတ် ပြီး ဘေးနာတွင်လူငယ်များနှင့်ထိုင်နေသော မမသည် “ဒီနေ့မင်းကိုခေါ်တာနောက်ဆုံးဘဲ ကောင်လေး နောက် ရက်ကစပြီး မင်းနဲ့ဒို့ ဘာပတ်သက်မူမှမရှိတော့ဘူး။ 

ဒါကြောင့်မင်းကို နောက်ဆုံးအနေနဲ့ခေါ်သတိပေးတာ။ မင်းကို ဒီနှစ်ပိုင်းအတွင်းထောက်ပံ့ပေးခဲ့တာတွေအားလုံးကိုစေတနာကြေးလို့ဘဲသတ်မှတ်တယ်။ နောက်ဆို ဒို့ကိုလမ်းမှာတွေ့ရင်တောင်ပြုံးမပြပါနဲ့”။ တစ်နေ့နေ့တွင်ထိုသို့ဖြစ်လာမည်ကိုကြိုတွက်ထားသောလည်း တရား ၀င်ထုတ်ပြောလာသောနေ့တွင်လူငယ်ပီပီစိတ်ကထောင်းခနဲ။

ပျော်တော်ဆက် အပိုင်း(၂)


ခမ်းနားကြီးကျယ်လှသောအိမ်ကြီး၏ တိတ်ဆိတ်သော အခန်းတစ်ခုတွင် သူမနှင့်နောက်ထပ်ရွယ်တူ သုံးယောက်ထပ်တွေ့ရသည်။ အားလုံးငါးယောက်။ သူမနှင့်သူမ၏ သူငယ်ချင်းများအားလုံး၏ဘေးတွင် ကျွန် တော်တို့အရွယ် ကောင်လေးများနှင့်ပင်ဖြစ်သည်။ ကျွန်တော်အခန်းထဲဝင်လိုက်သည်နှင့် သူတို့မျက်ဝန်းများက ကျွန်တော်ထံသို့ဝဲပျံလာသည်။ “ဟာ အဘွားကြီး ရှင်ကအသစ်လေးပေါ့လေ။ဘယ်က ‘မ’ လာတာတုန်း”။ သူမကိုဦးတည်ပြောခြင်းကို သူမကဂရုမစိုက်ဟန်ဖြင့် “ ကလေးလာဆိုပြီး ” ကျွန်တော်ခါးကိုလာဖက်သည်။

အခန်းရှိယောက်ျားမိန်းမအားလုံးသည် အချိုးညီညီဟန်ချက်မပျက် သီချင်းများနှင့်စီးမျှောနေကြသည်။ နေသားမကျခြင်းသည် ကျွန်တော်တစ်ဦးတည်းအတွက်ဖြစ်နေလိမ့်မည်။ စိတ်ကျဉ်းကျပ်ပြီးပြန်ချင်နေသည်။ ထိုသို့ဖြစ်နေခြင်းကိုလည်း ထိုအမျိုးသမီးက ရိပ်မိပုံပေါ်နေသည်။ တန်ဖိုးကြီးအရက်ခွက်တစ်ခုကို ခပ်ရွရွကမ်းပေးသည်။ ကျွန်တော်ဘယ်သူကိုမှဂရုမစိုက်ဘဲနေနိုင်အောင် မူးသွားမှဖြစ်မည်။ ထိုနည်းတူ အခြားအခြားသော မမ များကမ်းပေးသောခွက်များအားလုံးကိုသောက်လိုက်သည်။

ပျော်တော်ဆက် အပိုင်း(၁)




မျက်လုံးအစုံ၏ စူးရှမူအောက်တွင် အငွေ့ပျံသွားချင်မိသည်။ မျက်ဝန်း၏စွမ်းအားပြင်းသော ညှို့အားတစ် ခုသည်ကျွန်တော်ရင်ဘတ်အတွင်းသို့ဖောက်ဝင်၍ နလုံးသားရှိ ခံစားချက်သို့ရောက်လေ၏။ ကျွန်တော်ဘေး တွင် ကျွန်တော်၏ချစ်လှစွာသော ချစ်သူပိုးလေးက သေသပ်စွာထိုင်နေသည်။ 

“ လုံးဝသဘောမတူနိုင်ဘူး။ မင်းပြန်လို့ရပြီကောင်လေး။ အန်တီလိုချင်တာ သန့်စင်တဲ့သားသမက်။ ညစ်နွမ်းနေတဲ့ မင်းလိုလူမဟုတ်ဘူး ” ထိုအမျိုးသမီး ဘာကိုဆိုလိုသည်ကိုကျွန်တော်သိသည်။ ပြောင်းလဲသွား သောအခြေနေကြောင့် ပိုးလေးကျွန်တော်လက်ကိုတင်းကျပ်စွာလာကိုင်သည်။ ဒီအချိန်တွင် ကျွန်တော်အတွက် ဖြေစရာစကာလုံးမရှိသလို အကြောင်းပြချက်လည်းဖွင့်ဆိုမပြနိုင်။ 

အမှန်ဆိုပိုးလေးသည် မိဘမဲ့ဖြစ်ပြီး အဒေါ်မုဆိုးမတစ်ယောက်၏ထိန်းကျောင်းမူဖြင့်ကြီးပြင်းလာသူဖြစ် သည်။ ရိုးသားအေးဆေးလွန်ပြီ သိမ်မွေ့နိုင်အောင်ထိန်းသိမ်းနိုင်သည်။ ထိုမျှစည်ကမ်းကြီးပြီး မာနပြင်းသော ထိုအမျိုးသမီးသည် သူမ၏တူမအားချစ်သောစိတ်ဖြင့် ကျွန်တော်ကိုလက်ခံတွေ့ဆုံဖို့ အကြောင်းပြန်ခဲ့သည်။ ဒေါ်မူယာဟုခေါ်သော အမျိုးသမီးသည် လူဝင်ဆန့်နိုင်သောရုပ်ရည်ငွေကြေးကိုပိုင်ဆိုင်ထားပြန်သည်။

Monday, 26 May 2014

ကျားမာယာ အပိုင်း(၁)




“ဘာ။ ကာမဆန္ဒမပါဘဲ သုံးယောက်အတူတူနေမယ်။ ဟုတ်လားမောင်။ မောင့်စိတ်ဆန္ဒတွေ ခေတ်မဆန်လွန်းဘူးလား” 

ကျွန်မ မည်မျှအံသြစိတ်ဖြင့် စိတ်ဆိုးနေစေကာမူ မောင်ဆိုသည့်စကားလုံးကို သုံးမိနေ သေးသည်။ကျွန်မမောင့်အား အသဲနင့်အောင်ချစ်သဖြင့် အချို့သောကိစ္စများကို ထိုက်သင့်သလောက် သဘောထားကြီးပေးခဲ့သည်။ နောက်ဆုံး ကျွန်မ မဟုတ်သည့် တစ်ပါးသောမိန်းမဖြင့် ကွယ်ရာတွင် ဖောက်ပြန်နေခြင်းကိုပင် ကျွန်မအချိန်အတိုင်းတာတစ်ခုအား မောင့်ကိုယုံကြည်စိတ်ဖြင့် ခွင့်လွတ်ပေးခဲ့ဖူးသည်။
ယခုကာ လိုသည်ထက်ပိုသော အတင့်ရဲမူဖြင့် ကျွန်မ၏သီးခံနိုင်မူအား မောင်နှင့်သူမယားတို့ သွေးထိုး စမ်းလေပြီ။

မောင်နှင့်လက်မထက်မီက မောင့်အချစ်တွေကို ကျွန်မရခဲ့သည်။ ပိုင်ဆိုင်ခဲ့သည်။ အိမ် ထောင်၏ ပထမနေ့ရက်များသည် ကျွန်မဘ၀အတွက် သုခဘုံတစ်ခုအဖြစ် မောင့်အချစ်တွင်ပျော်ဝင်ခဲ့ သည်။ နှောင်းပိုင်း အိမ်ထောင်သက် ရက်မှလ၊ လမှနှစ်သို့ အလီလီပြောင်းသွားသောအချိန်တွင် ယောက်ျားဟူသော အမျိုးနွယ်၏ ဖောက်ပြားတတ်သော သဘောကိုလောကကြီးကကျွန်မအား သင်ခန်းစာပေး၏။ ထိုအကြောင်းအရာ၏ အဓိကတရာခံသည် သားသမီးမရခြင်းဟူသော စကားလုံးကကျွန်မနှင့် တိုက်ရိုက်ပတ်သက်လာခြင်းကြောင့်ပင်ဖြစ်သည်။

လမ်းမဟုတ်သော




သာက်ထားသောအရက်၏ တန်ခိုးအာနိသင်ဘယ်ရောက်သွားသည်မသိ။ ကျွန်တော်မြင်လိုက်သည်က ငိုကြွေးနေသောကျွန်တော်ဇနီး
။ ဘာတွေဖြစ်ကုန်ပြီလဲကျွန်တော်ကောင်းစွာမသိ။ ညနေက စိတ်ညစ်ညစ်ဖြင့် အရက်ဆိုင်သွားပြီး နားအေးပါအေးအရက်သောက်နေမိသည်။ ကျွန်တော်စိတ်ထဲတွင် ဒီကိစ္စကိုလုံးမ၀ အမှတ် မရ။ မိန်းမ၏ပူညံပူညံစကားသံနှင့်ဝေးလျှင်ပြီးပြီဟုသဘောထားမိသမျှသည် ကျွန်တော်အသဲနှလုံးကို ကွဲကြေ စေမည့် အဖြစ်တွေ ဖန်တီးမိပြီ။

မနေ့က ကျွန်တော်မိန်းမ စာမူကြမ်းဟုခေါ်ရမည့် စာမူတစ်ထပ်ကိုယူလာသည်။ ကျွန်တော်ဘယ်အကြောင့် ထိုစာမူတွေကျွန်တော်မိန်းမလက်ထဲကိုရောက်လာသည်ကိုသိသည်။ ကျွန်တော်မိန်းမ၏ သူငယ်ချင်းတစ်ယောက်သည်စာပေထုတ်လုပ်ရေးတစ်ခုကိုလုပ်၏။ ထိုကြောင့်သူမသည် ကျွန်တော်မိန်းမကို ကူညီလိုစိတ်ဖြင့်ထိုသို့ပေးလိုက်ခြင်းဖြစ်မည်။
ကျွန်တော်ကစာရေးဆရာဆိုပေမည့် သူတစ်ပါးလိုအောင်မြင်ထင်ရှားသူမဟုတ်။ သို့သော်စာပေဟူသော ပညာရပ်နှင့်ပတ်သက်ပြီးမာနကြီးသည်။ ထိုကြောင့် မိန်းမနှင့်သားလေးအတွက်တော့ ၀င်ငွေကိုကောင်းမွန်စွာ ရှာဖွေပေးနိုင်သော သူတစ်ယောက်မဖြစ်ခဲ့။ အမျိုးသမီး၏ ဈေးဘန်းလေးက ကျွန်တော်တို့သားအမိသုံးယောက် ၏စားဝတ်နေရေးကိုထိန်းထားသည်

သူ့ကိုလွမ်းလို့ရေးတဲ့စာ



“ကျွန်မရှင့်ကို အာရုံမလာတော့ဘူး” ကျွန်တော်ချစ်သူ ဧကရီခမ်းစကားတစ်ခွန်းကြောင့် ဒီနေ့လိုကိစ္စတွေဖြစ်ပျက်လာတ
ယ်ဆိုယုံကြမလား။ အမှန်ဖြစ်ခဲ့ပါသည်။ ချစ်သူနဲလမ်းခွဲ၇ခြင်းဆိုသော ဒုက္ခသည်များစွာပူလောင်သော်လဲ ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် များစွာသောစိတ်လှုပ်ရှား ခြင်းကို ထင်ပေါ်အောင်တော့မပြချင်။

သူမသည်ခေတ်ဆန်သလို အလှဂုဏ်မောက်မှန်းလဲသိသည်။သိုသော် သူမကိုမှစူစူးနစ်နစ်ချစ် မိသောကျွန်တော်သည် အရာတိုင်းတွင်သူမစိတ်တိုင်းကျနေပေးခဲ့ဖူးသည်။ သူငယ်ချင်းအပေါင်းအသင်းအပျော်အပါးစသည့် ကိစ္စများအားလုံးကိုသူမ၏ စကားတစ်ခွန်းနှင့်ပင် သံယောဇဉ်ဖြတ်ခဲ့သည်။ သို့သော်သူမသည်ကား ထိုသို့မဟုတ်။ ကျွန်တော်အား ပိတ်ပင်သောကိစ္စများအားလုံးကို သူမပြု၏။ နောက်ဆုံးတွင် ကျွန်တော့်အား အာရုံမလားတော့ပါဟုဆိုပြီး လမ်းခွဲခြင်းလမ်းစကို စလေသည်။

အပြန်လမ်း



“ ကျွတ်ကျွတ်” ခါးနှစ်ဖက်ကိုဆန့်လိုက်ပြီး နဖူးမှကျနေသည့် ချွေးတစ်ချို့ကိုသုတ်လိုက်သ
ည်။ မင်းတို့စံပျော် နေပြည်တော်ဆိုသည့်အတိုင်း နေမင်း၏အရှိန်အ၀ါနှင့် အရာအားလုံးက အညီးတောက်ပနေသည်။ ညနေလေးနာရီထိုးသည့် အချိန်တွင်ပင် နေမင်း၏မျက်နာတော်က အရောင်တော်မညိုးသေး။ အနံ့ပေါင်းစုံအပြင် အသံပေါင်းစုံကဆူညံလာ သည်။
ဆီကြော်မုန့်မျိုးစုံနှင့်အခြားသောဆိုင်များမှ ဈေးဝယ်များကိုအော်ခေါ်နေသံကိုကျွန်မဥပက္ခာပြုထားလိုက် သည်။ 

ကျွန်မ၏အလုပ်ကတစ်ခုထဲရှိသည်။ဒါကတော့ ဆုတောင်းဖို့။ လူများများဈေးသို့လာရန်ဆုတောင်းဖို့ ဒါမှလဲ ကျွန်မအတွက် တွက်ခြေကိုက်မည်။
နေပူပူမိုးရွာရွာ ကျွန်မအတွက်နေရာလေးတစ်နေရာရှိလျှင်လုံလောက်ပြီ။ ပျိုပျိုအိုအိုလူရွယ်စုံတို့အပြင် ၀န်ထမ်း မြို့ဖြစ်သဖြင့် တက်သစ်စလူငယ်လေးများ၏စေတနာသဒ္ဒါတရားသည်ကျွန်မနှင့် လေဖျန်းနေသော အဖိုးကြီးအ တွက်ထမင်းစာရိတ်ပင်ဖြစ်သည်။

ညနေ လေးနာရီခန့်မှ ညကိုးနာရီလောက်ထိ ဒီနေရာလေးမှာထိုင်နေလျှင် အနည်းဆုံး သုံးထောင်ခန့်ရတတ်သည်။ အပြန်တွင် အဖိုးကြီးအတွက်ထမင်းတစ်ထုတ်နှင့်ဟင်းကောင်းကောင်း တစ်ထုတ်ဝယ်သွားနိုင်လျှင် ကျွန်မပျော်ရွင်မိသည်။ ရုံးပိတ်ရက်များတွင် ငွေပိုမိုရတတ်သည်။ ထိုအပြင်လစာ ထုတ်ရက်နှင့်တိုက်သော စနေတနင်္ဂနွေများတွင်မူ ကျွန်မငါးထောင်နီးပါရသည်။ ကျွန်မ၏စာကျက်မြေက မြို့မဈေးတည်း။

မင်္ဂလာပွဲ



ဟူးးးးးး

သက်ပြင်းကိုခပ်ဖွဖွချလိုက်သည်။ မင်္ဂလာပွဲအတွက် ဖိတ်စာကအယောက်ငါးရာမှန်းထား
သည် ။ ကုန် ကျစာရိတ်ကိုတွက်ကြည့်ပြန်လျှင်လက်ထဲမှာစုထားသည့်ငွေနဲ့ကမလောက်။ ၀န်ထမ်းတစ်ယောက် မင်္ဂလာဆောင်က ထိုမျှစိတ်ဒုက္ခပေးကြောင်းကိုယ်တိုင်ကြုံမှပင်သိတော့သည်။ မင်္ဂလာမဆောင်မီ ဖိတ်စာတွင်ပင် တစ်စောင်နှစ်ရာဖြင့် အယောက်ငါးရာအတွက် တစ်သိန်းကုန်နေပြီ။

နောက်ကျွေးမွေးရေးဧည့်ခံရေးအတွက် ကုန်ကျစာရိတ်တွက်ရမည်။ ပြီးစလွယ်လုပ်လို့လဲမဖြစ်။ မည်သို့ပင်ဆိုစေ မိန်းကလေးမိဘမျက်နာကိုကြည့်ရအုံးမည်။ ချစ်သူက နာလည်သဘေားပေါက်သဖြင့် မည်သည့်အကြောင်းရာကိုမျှ အပြစ်မပြောသော်လည်း သတိုးသားတစ်ယောက်၏၀တ္တရားများကို ကျေပွန်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားနေရသည်။

အကျွေးမွေးကိစ္စတွင်လဲ ကျွန်တော်သဘောအတိုင်းဖြစ်စေသောကြောင့် တော်သေးသည်။ ထိုသို့မဟုတ်လျှင် ခုခေတ်ကုန်ဈေးနှုန်းဖြင့်မလွယ်။ချစ်သူနှင့်တိုင်ပင်ပြီး ဒံပေါက်ဆိုင်သို့သွားမေးဖြစ်သည်။ မမေး လို့လဲမဖြစ်။ နောက်တစ်ပတ်ဆိုလျှင် ပွဲကစပြီ။ ဒံပေါက်ဆိုင်ရောက်လျှင် ရင်ခုန်သံက တဖြည်းဖြည်းမြန်လာသည်။ ရောင်းဈေးတစ်ပွဲလျှင် နှစ်ထောင်ရှိသော ဒံပေါက်သည် အနည်းဆုံး တစ်ထောင့် ရှစ်ရာခန့်ရှိပေမည်။ ဖိတ်စာငါးရာအတွက်ဆိုလျှင် ဆိုပြီးတွေးလိုက်သည်နှင့် သွေးတောင်တက်ချင်သလိုဖြစ်သွားသည်။

နောက်ဆိုင်ကိုအမှန်တကယ်ရောက်လျှင် ဆိုင်ဘေးတွင်ထောင်ထားသည့် ၀ိုက်ဘုတ်မှစာကို အရင် ဖတ်မိသည်။ လူနှစ်ရာစာအတွက် လေးသိန်း။ အိုးမိုင်ဂေါ့။ ကျွန်တော်မင်္ဂလာဖိတ်စာက အယောက်ငါးရာဖြစ်သည်။ ငါးရာအမြောက် နှစ်ထောင်ဆိုလျှင် ဆယ်သိန်းဖြစ်နေပြီ။ မင်္ဂလာဖိတ်စာက တစ်သိန်းနှင့် တစ်ခြားအခန်းနား သတိုးသမီးမိတ်ကပ်ဘာညာနှင့် ဘာရီရအားလုံးပေါင်းလိုက်လျှင် အနည်းဆုံး တစ်ဆယ့်ငါးသိန်းခန့်ကုန်ပေမည်။